ထနောင်းကအောင်သီဟမျက်နှာကိုကြည့်ပြီး-
"ဘာလဲမရွှေ့ချင်ဘူးလား။ခုနကမင်းရဲ့ဘော့စ်
ပြောသွားတုန်းကတော့အပန်းမကြီးပါဘူးဆို""ဟမ်...ဟင့်အင်း...မကြီးဘူး...မကြီးပါဘူး။တကယ်အပန်းမကြီးဘူး။အခုပဲရွှေ့ဆောက်လိုက်
မယ်"အောင်သီဟရွက်ဖျင်တဲကိုအပြေးအလွှားဖြုတ်
သည်။ဇမ္ဗူ လည်းဝင်ကူသည်။အောင်သီဟအဖို့
ကစုလေးနဲ့အတူနေရဖို့အရေးထနောင်းအကြိုက်ကိုလိုက်ရသည်။အောင်စုကအကိုဖြစ်သူနဲ့ယှဉ်လာရင်သူ့ဘက်မှာမရှိတာမို့ထနောင်းကပါဝါပြလို့ကောင်းနေသည်။ဇမ္ဗူ့ အဖို့ကတော့ယောက်ဖလေးအောင်စုတဲ
ပေါ်တက်မလာဖို့အရေးထနောင်းစိတ်မပြောင်းခင်အမြန်လုပ်ရသည်။အောင်စုကဝင်ကူမယ်လုပ်တော့ထနောင်းကလက်ဆွဲထားသည်။"ကိုယ့်ဟာကိုယ်နေ။သူတို့ဘာသာလုပ်လိမ့်မယ်"
ဆရာတပည့်နှစ်ယောက်ရွက်ဖျင်တဲကိုဖြုတ်တာ၊သိမ်းတာ၊ရွှေ့တာကစလို့အသစ်ပြန်ဆောက်တဲ့အထိထနောင်းကဘေးကနေခါးထောက်ပြီးရပ်
ကြည့်နေသည်။တစ်ချက်လေးမှဝင်မကူ။တဲဆောက်ပြီးလို့မွေ့ယာကြီးခင်းပြီးတဲ့အချိန်မှာ
မွေ့ယာကြိုက်တဲ့အောင်စုကတဲထဲဝင်ပြေးပြီးမွေ့ယာပေါ်ထိုင်ချလိုက်သည်။အောင်သီဟကတော့စုလေးပျော်တာမြင်ရင်မောရမှန်းမသိ။ဘာမဆိုလုပ်ပေးဖို့ရာအဆင်သင့်။အောင်စုကတဲအပြင်ဘက်ကိုခေါင်းလေးထွက်ပြီး-"နောင်းနောင်းရေ...ကျွန်တော်ဒီထဲမှာပဲနေတော့မယ်ဗျို့"
ထနောင်းသက်ပြင်းချမိသည်။သူတို့လူကြီးသုံးယောက်ကြားတွင်အောင်စုက ကလေးဖြစ်နေသည်။အောင်သီဟကသူ့ညီအပေါ်မှာကောင်းမှန်းသိပေမဲ့လွယ်လွယ်ရတယ်ထင်နေမှာစိုးလို့သူတမင်ရစ်နေခြင်းဖြစ်သည်။ဒါကိုအောင်စုကနားလည်ပါ့မလား။
မလိုပါဘူး။သူနားမလည်လည်းကိစ္စမရှိဘူး။သူ့ညီကိုသူလွယ်လွယ်နဲ့မပေးနိုင်ဘူးဆိုတာဒင်းတို့မြေခွေးညီနောင်သိဖို့ပဲလိုတယ်။လူဆိုတာခက်ခက်ခဲခဲရမှတန်ဖိုးရှိတယ်ထင်တတ်ကြတာ။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့