အခန်း(၂၇)

8.3K 586 1
                                    

အောင်သီဟကသူ့ရဲ့အချစ်စုဘူးလေးကိုလူအုပ်ထဲတွင်လိုက်ရှာသည်။အောင်စုဆိုတဲ့ကလေးကသူ့ရဲ့အချစ်တွေ၊သူ့ရဲ့ပျော်ရွှင်မှုတွေ၊သူ့ရဲ့အ
နာဂတ်တွေ၊သူ့ရဲ့မျှော်လင့်ချက်တွေအရာအားလုံးကိုစုဆောင်းသိမ်းဆည်းထားတဲ့သူ့ရဲ့စုဘူး
လေး။

အမှန်ဆိုရင်ခရီးသွားဖို့တက်ကြွနေတဲ့ကလေးကဒီနားမှာရှိကိုရှိနေရမှာ။အခုဘယ်လိုဖြစ်လို့မရှိရတာလဲ။ကားထဲကလူတွေကိုလိုက်ကြည့်တော့ကားထဲမှာရော၊သုံးဘီးပေါ်မှာရောထိုင်နေကြတာမိန်းကလေးတွေချည်းပဲ။

ယောက်ျားလေးတွေကကားထွက်တော့မှကား
နောက်မြီးကနေတွယ်တက်ပြီးလိုက်ကြမဲ့ပုံ။တစ်ချို့တစ်လေကတော့ကားခေါင်မိုးပေါ်မှာထိုင်နေကြသည်။တွေ့ပါပြီ။ထမင်းတောင်းဟင်းတောင်းတွေတင်ထားတဲ့ကားခေါင်မိုးပေါ်မှာသူမြင်မှာ
ကြောက်လို့တောင်းကွယ်ပြီးဝပ်နေတဲ့စုဘူး။

“ဟေ့ကောင်အောင်စု”

“ဗျာ…ကိုကြီး…အဟီး”

ခေါင်းလေးထောင်ပြီးရယ်ပြနေတာလေးကဖက်
နမ်းပစ်ချင်စရာလေး။

“အခုချက်ချင်းအောက်ဆင်းခဲ့"

“ကိုကြီးကလည်းဗျာ…ဘာလို့တုန်း"

“ခေါင်မိုးပေါ်မှာစိတ်မချဘူး။အောက်ဆင်း”

“ကိုကြီးကလည်းကားထဲမှာမိန်းကလေးတွေစီးရမှာ။ကျွန်တော်တို့ကသူတို့နေရာပိုမှထိုင်ရမှာ။ခေါင်မိုးပေါ်မှာဆိုရင်နေရာအတည်တကျရှိတယ်။ထိုင်လိုက်ထလိုက်လုပ်စရာမလိုဘူး”

Lady first ဆိုတဲ့စကားလုံးကိုကြီးကြီးကျယ်ကျယ်အသံမထွက်ပေမဲ့မိန်းကလေးမို့ဦးစားပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကသူတို့ရဲ့အမူအရာတွေနဲ့ပေါ်လွင်သည်။လေးစားပြီးရင်းလေးစားရပါတယ်
သပြေတန်းရွာသားတွေရယ်။ဒါပေမဲ့စိတ်ပူတာပူတာပဲလေ။

“ဆင်းခဲ့ပါစုလေးရယ်။ခေါင်မိုးပေါ်မှာမစီးပါနဲ့"

ပြုတ်ကျမှာစိုးလို့ဆိုတဲ့စိုးရိမ်စကားကိုမပြောမိအောင်ထိန်းနေရသည်။သူတို့ကသွားကြလာကြမှာ။နိမိတ်စကားမပြောသင့်ဘူး။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now