“မြို့သား...လာထမင်းစားမယ်”
“ဟုတ်တဲ့ဒါလင်"
“ဘာကွ"
“ဘာဖြစ်လို့လဲ"
“ဒါလင်ဆိုတာဘယ်သူ့ကိုခေါ်တာလဲ"
“ခင်ဗျားကိုခေါ်တာလေ။မြို့သားတွေကသူတို့
သဘောကျနှစ်သက်တဲ့လူကိုဒါလင်လို့ခေါ်ကြတယ်"ထနောင်းမျက်နှာကြီးနီရဲသွားသည်။ဒေါသကြောင့်လား…ရှက်လို့လားတော့မသိ။
“ငါ့ကိုဒါလင်လို့မခေါ်နဲ့"
“ကျွန်တော့်ကိုလည်းမြို့သားလို့မခေါ်နဲ့"
ထနောင်းတံတွေးတစ်ချက်မြိုချမိသည်။ပြီးမှနှုတ်
ခမ်းကိုမဲ့ရွဲ့ပြီးခေါ်ချလိုက်သည်။“ရန်ကုန်သား"
ဇမ္ဗူ့ မျက်ခုံးလေးမြင့်တက်သွားရသည်။ဒီလူကအကြောတင်းလေးပဲ။တွေ့အုံးမယ်ငါနဲ့။
“အဟွန်း…ပြောလေအသက်"
“ဘာကွ"
“ကျွန်တော်တို့ရန်ကုန်သားတွေကကိုယ်နှစ်သက်သဘောကျတဲ့သူကိုအသဲတို့၊အသက်တို့၊အချစ်တို့ခေါ်ကြတယ်။ခင်ဗျားကကျွန်တော့်ထက်အသက်ကြီးတော့အသက်လို့ခေါ်မယ်လေ"
“မခေါ်နဲ့ငါ့မှာနာမည်ရှိတယ်"
“ကျွန်တော့်မှာလည်းနာမည်ရှိတယ်"
“မင်းနာမည်ကစီးပိုးလွန်းတယ်"
“ဘယ်တတ်နိုင်မလဲ။နာမည်ကနာမည်ပဲ။အပြည့်အစုံမခေါ်ချင်ရင်အဖျားဆွတ်ပြီးခေါ်လေ…
မောင်လို့"“သေတောင်မခေါ်ဘူး။ငါအခုထမင်းစားမလို့မင်းလည်းစိတ်ပါရင်လာစား။စိတ်မပါရင်မစားနဲ့။
ဇွတ်မခေါ်ဘူး"“ဘယ်သူကစိတ်မပါဘူးပြောလို့လဲ။အသက်နဲ့
အတူတူထမင်းစားရမှာကိုစိတ်ပါတာပေါ့"နှစ်ယောက်သားထမင်းစားကြတော့ဇမ္ဗူ က
တောထမင်းတောဟင်းနဲ့တော်တော်ကြီးစားလို့
မြိန်နေသည်။အထူးသဖြင့်အကောင်လိုက်ကြော်ထားသည့်ငါးရံ့လုံးလေးတွေကချိုလွန်းသည်။ချောင်းထဲမြောင်းထဲကငါးလေးတွေမို့ထင်ပါရဲ့။ထမင်းလိုက်ပွဲကခူးမထားတော့မျက်နှာပြောင်ပြောင်နဲ့ပဲတောင်းလိုက်သည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့