ဘိုးဘိုးဒေါနရှေ့တွင်လူသုံးယောက်တောင့်တောင့်လေးတွေထိုင်နေကြသည်။ဦးထက်ရှား၊
မြင့်မိုရ်နဲ့အောင်သီဟ။ဘိုးဘိုးဒေါနမျက်နှာကြီးကတည်တင်းနေသည်။သူ့အနေနဲ့ဇမ္ဗူ့ ကိုမြေးသားမက်အနေနဲ့သဘောကျခဲ့သည်။ဇမ္ဗူ့ ကိုချစ်လည်းချစ်ခဲ့သည်။ဒါပေမဲ့အဲဒါကကံ့ကော်ရဲ့ယောက်ျားထင်လို့လေ။အခုဟာကသူ့ရဲ့ချစ်လှစွာသောမြေးယောက်ျားလေးထနောင်းသစ်ဦး။ယောက်ျားလေးဖြစ်တဲ့နောင်းနောင်းကိုယောက်ျားပေးစားရလောက်အောင်ထိတော့သူမရက်ရောနိုင်ပါဘူး။
“ငါ့မြေးကိုပြန်ခေါ်ပေး"
“ဟုတ်ကဲ့။ကျွန်တော်တို့လည်းပြန်ခေါ်ပေးချင်ပါတယ်။ဒါပေမဲ့အခုထိဆက်သွယ်လို့မရလို့ပါ"
“အဲတော့ငါကဘယ်အချိန်ထိစောင့်ရမှာလဲ"
“ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။သူတို့ပြန်ရောက်လာရင်သာဘိုးဘိုးသူတို့ကိုသဘောတူပေးပါ"
“မတူဘူး။ငါအရင်ကတည်းကပြောပြီးသား။ယောက်ျားလေးကိုယောက်ျားမပေးစားနိုင်ပါဘူးလို့။ဟိုကောင်သီဟ…မင်းကောရိုးရဲ့လား"
“ဗျာ"
“မင်းကောအောင်စုနားကပ်နေတာရိုးရဲ့လား"
“ကျွန်တော်ကရိုးပါတယ်"
“ဘာရိုးတာတုန်း။လူရိုးသင်္ချိုင်းကုန်းမှာပဲရှိတယ်”
“ကျွန်တော်ကအောင်စုကိုဆယ်တန်းပြန်ဖြေနိုင်အောင်စာသင်ပေးနေတာပါ။အောင်စုမှာစေ့စပ်ထားတဲ့လူရှိမှန်းကျွန်တော်သိပါတယ်"
“သိရင်ပြီးတာပဲ။စည်းတွေဘောင်တွေကျော်
မလာနဲ့။အကုန်အိမ်ပေါ်ကနေနှင်ချပစ်မယ်။ငါ့လာပြီးသွေးတိုးမစမ်းနဲ့"“မစမ်းရဲပါဘူး"
ဘိုးဘိုးဒေါနကအကုန်အိမ်ပေါ်ကနှင်ချပစ်မယ်
ဆိုပြီးဝါးလုံးသိမ်းနဲ့ပြောလိုက်တော့သူတို့သုံးယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။တစ်နိုင်ငံလုံးအနှံ့စီးပွားရေးလုပ်ငန်းတွေလက်
ညှိုးထိုးမလွဲပိုင်ဆိုင်ထားတဲ့ဦးထက်ရှားလည်းသပြေတန်းရွာရောက်မှယောက္ခမအိမ်ပေါ်တက်နေနေရတဲ့သမက်လိုပဲ။မျက်နှာငယ်နေရသည်။အဲဒါဟိုကောင့်ကြောင့်…
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့