အောင်သီဟအောင်စုမျက်နှာလေးကိုကြည့်ပြီး
ပြုံးမိသည်။မျက်နှာလေးကကြည်ကြည်လင်လင်
ပြည့်ပြည့်ဖောင်းဖောင်းလေးဆိုတော့ခါတိုင်းလိုပဲစားဝင်ပြီးအိပ်ပျော်နေပုံရသည်။သူ့မှာသာ…
ဟင်း…မတွေးချင်တော့ပါဘူး။အောင်စုတစ်ကိုယ်လုံးမှာပြောင်းလဲသွားတာဘာမှမရှိ။မြင်ရတာနဲ့တင်စိတ်ချမ်းသာရသည်။စုလေးအနားကိုရောက်လာတော့ကားတံခါးကိုသူဖွင့်ပေးသည်။
အောင်စုကားထဲမဝင်သေးဘဲကိုကြီးကိုခြေဆုံးခေါင်းဆုံးကြည့်မိသည်။ကိုကြီးကအဖြူ ရောင်ရှပ်
လက်ရှည်ကိုတံတောင်ဆစ်ထိခေါက်ဝတ်ထား
ပြီးအပြာနုရောင်ပုဆိုးလေးဝတ်ထားသည်။ပုဆိုး
လေးကိုကြည့်ပြီးစိတ်ထဲမှာတမျိုးတမည်ခံစားရသည်။ခေါက်ရိုးရာအထင်းသားနဲ့တံဆိပ်ခွာထားတဲ့နေရာကစက္ကူ စလေးတွေကပ်ကျန်နေသည်။ဒါကို
ကြီးကိုသူကန်တော့ခဲ့တဲ့ပုဆိုးနဲ့အင်္ကျီပဲ။အခုချိန်ထိအသစ်အတိုင်းပဲ။တစ်ခါမှမဝတ်ဘဲနဲ့များသိမ်းထားခဲ့တာလား။“တက်လေ"
“ဘယ်ကိုသွားမှာလဲ"
“လူရှင်းတဲ့နေရာပေါ့။စုလေးနဲ့စကားပြော
ချင်လို့"နှစ်ယောက်သားကားထဲဝင်ပြီးကျောင်းဝိုင်းထဲကပြန်ထွက်ခဲ့ကြသည်။လမ်းတွင်အောင်သီဟက-
“အထက်တန်းကျောင်းသားလေးနဲ့တူတယ်"
“ကျွန်တော်ကကျောင်းသားပဲလေ"
“ဟုတ်လို့လား။ကလေးဗိုလ်လုပ်နေတာမဟုတ်ဘူးလား"
“အဟီး…ဟုတ်တယ်။ကျွန်တော်ကအဝေးသင်ပဲတက်တာမို့ကျောင်းအားတဲ့အချိန်ကိုဒီမှာလုပ်အားပေးကျောင်းဆရာလုပ်နေတာ”
“မင်းလုပ်ချင်တဲ့အလုပ်တစ်ခုကိုရှာတွေ့သွားတာပဲ"
“ကိုကြီးကြောင့်ပါ။ကိုကြီးစာသင်ပေးလို့ကျွန်တော်လည်းသူများတွေကိုစာသင်ပေးချင်စိတ်ပေါက်သွားတာ…"
“ဟုတ်လား"
အောင်သီဟကရွာနဲ့တော်တော်ဝေးဝေးနေရာကိုရောက်မှကားကိုလမ်းဘေးချရပ်လိုက်သည်။ထို့နောက်ကားနောက်ခန်းထဲကမုန့်အိတ်ကြီးဆွဲယူပြီးစုလေးကိုပေးသည်။
VOUS LISEZ
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့