အောင်သီဟကခတ္တာလေးကိုရှင်လောင်းထိန်းရမှာမို့ရေချိုးခန်းထဲဝင်ပြီးရေချိုးနေသည်။
“Ring…”
အောင်စုကစာကြည့်စားပွဲတွင်ထိုင်နေရင်းဖုန်းမြည်သံကြောင့်ကြည့်လိုက်မိသည်။ကိုကြီးဖုန်းကိုကိုင်ဖို့စိတ်ကူးမရှိပေမဲ့ contact name မှာမနေခြည်လို့ပေါ်နေတာမို့ကောက်ကိုင်လိုက်မိသည်။
“ဟယ်လို"
“ကိုသီဟ"
“ကျွန်တော်အောင်စုပါအမနေခြည်"
“ဟယ်အောင်စုလေး…မင်းကိုသီဟနဲ့အတူရှိနေတာလား"
“အတူရှိနေတယ်ပဲဆိုပါတော့အမရယ်။ကိုကြီးကအခုရေချိုးခန်းထဲမှာ"
“ဟုတ်လား"
“အရေးကြီးလားအမ"
“မကြီးပါဘူး။နောက်အပတ်ထဲမှာကုမ္ပဏီအစည်းအဝေးရှိတယ်လို့အသိပေးမလို့ပါ။မောင်လေးပြောပေးမလား"
“ဟုတ်ကဲ့"
“မောင်လေးကိုသီဟကိုအဖြေပေးလိုက်ပြီလား"
“……”
အောင်စုအသံတိတ်နေတော့မနေခြည်က-
“မောင်လေး…မင်းနဲ့မမအရင်တစ်ခါဆွေးနွေးခဲ့တဲ့ကိစ္စကမပြီးသေးဘူး။ဆက်ရန်ကျန်သေးတယ်လို့မမပြောခဲ့တယ်လေ။မောင်လေးမှတ်မိလား"
“ဟုတ်ကဲ့မှတ်မိပါတယ်"
“အဲဒါဆိုမမအခုစကားနဲနဲပြောချင်တယ်။အနားမှာကိုသီဟမရှိဘူးမို့လား"
“ဟုတ်ကဲ့မရှိဘူးဗျ…မမဘာပြောချင်လို့လဲ”
“မောင်လေးနဲ့မမနှစ်ယောက်လုံးအဆင်ပြေမဲ့
ကိစ္စကိုမမစဉ်းစားထားတယ်။မမရဲ့ချစ်သူကို
ပြောပြတော့သူကလည်းသဘောတူတယ်။မောင်လေးဘက်ကလက်ခံပေးရင်သိပ်ကောင်းမှာပဲ"“ထားလိုက်ပါတော့မမရယ်"
“မဟုတ်သေးဘူးလေမောင်လေး။မမစကားကိုနားထောင်ကြည့်ပါဦး"
“ဟုတ်…ပြောပါမမ”
“မမစီစဉ်ထားတာကဒီလိုလေမောင်လေးရဲ့။မမတို့အတွဲကမိန်းကလေးနှစ်ယောက်ဆိုတော့နှစ်
ယောက်လုံးကကိုယ်ဝန်ဆောင်နိုင်တယ်။မင်းတို့
အတွဲမှာရော၊မမတို့အတွဲမှာရောအခက်အခဲဖြစ်
နေတာကမိသားစုမျိုးဆက်မဟုတ်လား။ဒါကြောင့်မမတို့နှစ်ယောက်ကမင်းတို့နှစ်ယောက်ရဲ့သွေးသားကိုကိုယ်ဝန်ဆောင်ပေးမယ်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့