အခန်း(၆၃)

5.1K 391 5
                                    

ဇမ္ဗူ တစ်ယောက်ကုမ္ပဏီရုံးခန်းထဲတွင်ဖိုင်တွဲ
တွေအထပ်လိုက်ကြီးနဲ့အလုပ်ရှုပ်နေသည်။အလုပ်ရှုပ်ရုံတင်မကစိတ်ပါရှုပ်နေသည်။

သူ့အတွင်းရေးမှူးကမနေ့ကနေ့လည်ခင်းကတည်းကကုမ္ပဏီကနေပျောက်သွားလိုက်တာအစရှာမရတော့ပေ။ဖုန်းလည်းဆက်လို့မရ။သူ့ဦး
လေးကလည်းဘာမှမသိရပါဘူးဟုပြောသည်။

ရုတ်တရတ်သူ့စားပွဲရှေ့ကိုလူတစ်ယောက်ရောက်လာသည်။သူ့ရုံးခန်းထဲကိုဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရတဲ့လူကဒင်းကလွဲပြီးဘယ်သူရှိမှာလဲ။

“ဘော့စ်”

“မင်းဘယ်တွေလျှောက်သွားနေတာလဲ"

“စုလေးဆီ"

“ရွာထိသွားတွေ့တာလား"

“အင်း"

“မင်းကွာ…မဟုတ်လည်းဒီနေ့ရွာပြန်ရမှာပဲကိုနဲနဲလေးမှမစောင့်နိုင်ဘူးလား။ဖုန်းတောင်မှစက်
ပိတ်ထားသေးတယ်။မင်းကိုဆက်သွယ်လို့မရလို့ငါနဲ့မင်းဦးလေးဘယ်လောက်တောင်စိတ်ပူ
ခဲ့ရလဲ”

ဇမ္ဗူ ကပေါက်ပေါက်ဖောက်သလိုပြောဆိုနေပေမဲ့အောင်သီဟကတော့မတုန်မလှုပ်နဲ့ပင်စကားကိုတစ်လုံးချင်းပြောသည်။

“ကျွန်တော်အလုပ်ထွက်တော့မယ်ဘော့စ်"

“ဘာ…မင်းကဘာလို့အလုပ်ထွက်မှာတုန်း"

“အလုပ်လုပ်ရတာစိတ်မပါတော့လို့"

“ဟေ့ကောင်သီဟ…ငါတို့ကစီးပွားရေးလုပ်နေတာကွ။စိတ်ပါရင်လုပ်မယ်။စိတ်မပါရင်မလုပ်
ဘူးလို့ပြောရအောင်မင်းကိုယ်မင်းကလေးများ
မှတ်နေလား”

အောင်သီဟကသူ့စကားကြောင့်မျက်နှာတစ်ချက်မပျက်။

“အောင်စုအကြောင်းကြားပြီးပြီလား”

“အောင်စုကဘာဖြစ်လို့တုန်း”

“မိန်းကလေးတစ်ယောက်နဲ့စေ့စပ်လိုက်ပြီ”

“ဘာ”

“ဘိုးဘိုးဒေါနကအလှူပြီးရင်လက်ထပ်ပေးမှာတဲ့”

“ဟမ်"

အောင်သီဟကစကားပြောနေပေမဲ့သူ့မျက်နှာကအသက်မဲ့နေသူလိုမျက်နှာသေကြီးနဲ့ဖြစ်နေသည်။ဇမ္ဗူ ကလည်းအံ့အားသင့်ပြီးကြောင်ကြောင်ကြီးကြည့်နေမိသည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Donde viven las historias. Descúbrelo ahora