အောင်သီဟဖက်ခုတ်ပြီးပြန်လာတော့ထနောင်းကဖက်တွေကိုအဝတ်တစ်ထည်နဲ့ပြောင်နေအောင်သုတ်ပြီးထန်းခေါက်တောင်းအသစ်ကြီးထဲမှာခင်းသည်။ကောက်စိုက်မတွေယူလာတဲ့ထမင်းအိုးတွေကိုထန်းခေါက်တောင်းထဲသွန်ထည့်
ပြီးဖက်တွေနဲ့အုပ်သည်။ဇမ္ဗူ တို့ဆရာတပည့်ကတော့ထူးဆန်းစွာနဲ့ကြည့်
နေမိကြသည်။လူတစ်ရာကျော်ခရီးသွားမှာကိုလမ်းခရီးမှာစားဖို့ဒီလိုသယ်ကြတာလား။ပြီးတော့ဘုရားဖူးလိုက်မဲ့သူတွေတစ်ယောက်တစ်မျိုးယူ
လာတဲ့ဟင်းတွေအကြော်အလှော်တွေကိုတူရာတူရာစုပေါင်းထည့်ပြီးဘူးတွေ၊ချိုင့်တွေကိုတောင်းကြီးတစ်လုံးနဲ့စီကာစဉ်ကာထည့်သည်။မိုးအုံ့နေတော့အချိန်ကကုန်လို့ကုန်မှန်းမသိ။နေကလည်းမပွင့်နာရီကြည့်မိတော့(၇)နာရီထိုးနေ
ပြီ။(၉)နာရီမှာအစည်းအဝေးရှိသည်။ဆရာတပည့်နှစ်ယောက်အူယားဖားယားနဲ့ကားပေါ်ပြေးတက်ကြသည်။ကားထဲဝင်ထိုင်ပြီးသွားမှဇမ္ဗူ ကကားထဲကပြန်ထွက်ပြီးထနောင်းနားရောက်လာသည်။“အသက်"
“ဘာလဲ"
“သွားမှာဆိုရင်လည်းနွေးနွေးထွေးထွေးဝတ်
သွားနော်။ဦးထုပ်လည်းဆောင်းသွား"ဇမ္ဗူ ကကျောပြင်လေးကိုပွတ်သပ်ပြီးပြောနေတော့ထနောင်းကသူ့လက်ကိုဖြန်းခနဲ့ရိုက်ချလိုက်သည်။
“မင်းစကားပြောရင်ပါးစပ်နဲ့ပဲပြောလက်မပါနဲ့"
“အင်းပါ"
ဇမ္ဗူ ကားပေါ်တက်ပြီးနောက်ရွာမှထွက်လာခဲ့သည်။ညကရွာထားတဲ့မိုးကြောင့်ရွာလမ်းတွေကဗွက်တွေထနေသည်။ပြောင်လက်နေတဲ့ဇမ္ဗူ့ ရဲ့အနက်ရောင်ကားကြီးကအောက်ပိုင်းတစ်ခုလုံးရွှံ့
ဗွက်တွေပေပွပြီးရွာသရုပ်ကိုဖော်ပြနေလေသည်။သပြေတန်းရွာလမ်းခွဲကနေကားလမ်းမကြီးပေါ်သို့တက်သည့်နေရာတွင်မျက်နှာချင်းဆိုင်မှကားတစ်စီးကသူတို့ကားကိုရှောင်ကွင်းပြီးရွာလမ်းအတိုင်းဆင်းသွားသည်။ဇမ္ဗူ ကဖြတ်သွားတဲ့ကားကိုကြည့်ပြီး-
“ဟေ့ကောင်ရပ်ဦး”
“ဘာလို့လဲဘော့စ်”
“ခုနကကားကဟိုလဒကောင်ရဲ့ကားမဟုတ်လား"
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့