ထနောင်းကခတ္တာလေးကိုကျောင်းကြို ပြီးပြန်
လာသည်။ခတ္တာလေးက လေးနှစ်ဆိုတော့အခုမှကျောင်းစထားတာမူကြိုပဲရှိသေးသည်။အိမ်ရောက်တော့ဇမ္ဗူ က-“သားကျောင်းကပြန်လာပြီလား။ဘိုးဘိုးကိုနှုတ်
ဆက်ရအောင်လာ"ဇမ္ဗူ ကခတ္တာလေးကိုသူ့ပေါင်ပေါ်ထိုင်ခိုင်းပြီးသူ့အဖေကို vedio call ခေါ်သည်။
“နှုတ်ဆက်လိုက်ပါဦး…ဘိုးဘိုးကြီးကို"
“ဘိုးဘိုးကြီးမင်္ဂလာပါ"
“မင်္ဂလာပါမြေးလေးရေ…တစ်နေကုန်မတွေ့ရ
သေးလို့ဘိုးဘိုးကလွမ်းနေတာ"ဇမ္ဗူ ကခတ္တာလေးကိုသူ့အဘိုးနဲ့တွေ့ပေးချင်သည့်အကြောင်းထနောင်းကိုအသိပေးပြီးမြေးအဘိုးနှစ်ယောက်ကိုတွေ့ပေးခဲ့သည်။အခုတော့အဘိုးနဲ့မြေးကဖုန်းထဲကနေတွေ့ပြီးတော်တော်
ကိုမှသဲသဲကဲကဲဖြစ်နေကြသည်။“မြေးလေးဘိုးဘိုးဝယ်ပေးလိုက်တဲ့စက်ဘီးကြိုက်လား"
“ကြိုက်တယ်"
“ကိတ်မုန့်ရောစားပြီးပြီလား"
“စားပြီးပြီ"
“ဒီနေ့ကျောင်းကဘာသင်လိုက်လဲ"
“ဝလုံး"
“ဟုတ်လား…မနေ့တုန်းကရောဘာသင်ပေးလိုက်တာလဲ"
“ဝလုံးပဲ"
“သြော်…ဒါဆိုမနက်ဖြန်ကျဘာသင်မှာတဲ့တုန်း"
“မနက်ဖြန်ကျောင်းပိတ်တယ်လေ"
“ဟုတ်လား…ကျောင်းပိတ်တာလား။ဘိုးဘိုးကြီးကမသိဘူးကွာ။ငါ့မြေးကမှသိသေးတယ်။အဲဒါဆိုပြောပါဦး။ကျောင်းပိတ်ပြီးပြန်ဖွင့်ရင်ဆရာမကဘာသင်မှာတဲ့တုန်း"
“ဝလုံးပဲနေမှာပါ"
“ဟေ…တော်လိုက်တဲ့ဆရာမကွာ။သူအသင်အ
ပြကောင်းလို့ငါ့မြေးလေးတောင်နောက်နှစ်ရက်
အတွက်ကြိုတင်ခန့်မှန်းချက်တွေပြောတတ်နေ
ပြီ။ဟား…ဟား…ဟား”ဦးထက်ရှားနဲ့ခတ္တာလေးကကျောင်းမသွားခင်
တွေ့ရင်တွေ့။မတွေ့ရင်ကျောင်းဆင်းချိန်တွင်
တွေ့ကြသည်။တစ်ရက်ကိုတစ်ခါလောက်မှမျက်နှာမမြင်ရရင်အဘိုးဖြစ်သူကလွမ်းပြနေတော့သည်။
ESTÁS LEYENDO
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့