အခန်း(၈၉)

4.7K 361 21
                                    

ဒီနေ့ဦးထက်ရှားနဲ့ကြီးထွေးတို့မင်္ဂလာဆွမ်းကပ်တဲ့နေ့။ဇမ္ဗူ ကတော့ကြိတ်မနိုင်ခဲမရဖြစ်နေသည်။စီစဉ်သူမအေးဝင်းကဘေးကနေထိုင်ကြည့်
နေရတဲ့အဖြစ်။

ဦးထက်ရှားကတော့သားလိမ္မာလေးကောင်းမှု
ကြောင့်မိန်းမရသွားခဲ့ပြီ။မင်္ဂလာဆွမ်းကပ်တဲ့နေ့
မှာဆွေမျိုးတွေထဲကသက်ကြီးဝါကြီးတွေကိုကန်
တော့ကြသည်။မင်္ဂလာပွဲပြီးသွားတော့ကြီးထွေးကရာထူးတက်ပြီးဇမ္ဗူ နဲ့မြင့်မိုရ်တို့ညီအကိုရဲ့အ
မေဖြစ်သွားသည်။

ဇမ္ဗူ့ အနေနဲ့ကြီးထွေးကအမေဖြစ်သွားတာကိုလက်ခံနိုင်သည်။ထနောင်းကသူ့အကိုဖြစ်သွားတာကိုတော့လက်မခံနိုင်။လက်မခံချင်တာဆိုပို
မှန်သည်။ဒါပေမဲ့လက်လျှော့လိုက်ဖို့တော့စိတ်
ကူးမရှိ။ရအောင်ယူမယ်။ဘယ်သူတွေဘာပြော
ပြောလူပျိုကြီးကိုရအောင်ယူမယ်။

မင်္ဂလာဆွမ်းကပ်ကမနက်ခင်းပိုင်းမှာတင်ပြီးသွားတာမို့ညနေပိုင်းတွင်ထနောင်းတို့အိမ်က
လူရှင်းနေသည်။ဇမ္ဗူ သူ့အကိုအခန်းထဲဝင်လာ
ခဲ့သည်။သူ့အကိုရဲ့လူယုံတော်သက်ပိုင်ကသူ့
အကိုကိုရေချိုးအဝတ်အစားလဲပေးထားသည်။
ဇမ္ဗူ က-

“အကိုခြံထဲဆင်းပြီးလမ်းလျှောက်မလား။ကျွန်
တော်နဲ့အတူသွားရအောင်"

“အင်း…”

ဇမ္ဗူ သူ့အကိုဝှီးချဲကိုတွန်းပြီးအိမ်ပြင်ထွက်လာခဲ့သည်။သက်ပိုင်ကတော့ရေချိုးရင်းကျန်ခဲ့သည်။ဇမ္ဗူ ကသူ့အကိုကိုညနေခင်းနေအေးချိန်မှာသပြေခင်းပတ်လည်ကကွန်ကရစ်လမ်းလေးအတိုင်းတွန်းလှည်းတွန်းပေးဖို့စိတ်ကူးထားသည်။မယ်
ဇယ်ပင်ကြီးအောက်ရောက်လာတော့-

“အကို…အိမ်ပြင်ဘက်ကလေတိုက်တော့အေးတယ်နော်။ကျွန်တော်လက်ရှည်အင်္ကျီသွားယူပေးမယ်။ဒီမှာခဏစောင့်"

ဇမ္ဗူ သူ့အကိုကိုထားခဲ့ပြီးအိမ်ထဲဝင်သွားသည်။ထိုအခိုက်ခြံထဲကိုထက်အာကာကျော်ရောက်
လာခဲ့သည်။သူကအလှူပြီးကတည်းကခရီးပြန်
ထွက်သွားတာဒီနေ့မှရွာပြန်ရောက်သည်။ရောက်ရောက်ချင်းကြီးထွေးနဲ့ဦးထက်ရှားရဲ့မင်္ဂလာကိစ္စကိုကြားပြီးအံ့အားသင့်နေမိသည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Opowieści tętniące życiem. Odkryj je teraz