ညကိုးနာရီအချိန်တွင်အောင်သီဟနဲ့ဇမ္ဗူ မန္တလေးကနေရွာပြန်လာကြသည်။ရွာရော
က်တော့ညဆယ်နာရီ။တစ်နာရီအတွင်းမှာအောင်သီဟကားကိုဘယ်လိုမောင်းလာသည်မသိ။သူတို့နှစ်ယောက်လုံးမန္တလေးမှာနေစရာအိမ်ရှိပေမဲ့အိမ်ကိုအိမ်လို့မမြင်။ရွာကအိမ်ကိုမှအိမ်ဟုထင်သည်။ကြင်သူသက်ထားလေးတွေရှိတဲ့နေရာပေကိုး။
ကုမ္ပဏီညစာစားပွဲကြောင့်မိုးချုပ်နေတာတောင်မှမန္တလေးမှာမနေနိုင်။ရွာကိုပဲမရောက်ရောက်အောင်ပြန်ကြသည်။အိမ်မှာကျန်ခဲ့တဲ့သံလိုက်တုံးလေးတွေကဆွဲအားပြင်းလွန်းသည်။
အောင်သီဟကဇမ္ဗူ့ကိုလိုက်ပို့ပြီးပြန်သွားတော့ဇမ္ဗူအိမ်ထဲဝင်လာခဲ့သည်။အိပ်ခန်းထဲမှာစစ်သကြီးလေးကအိပ်ပျော်နေရှာပြီ။ရွာ
မှာစိုက်ပျိုးရာသီရောက်နေတာမို့ကောက်စိုက်ပျိုးနှုတ်လယ်အလုပ်တွေရှုပ်နေသည်။ထနောင်းကနေ့ခင်းဘက်မှာတောတွေထဲလှည့်ပတ်သွားနေရတာမို့ညဘက်ဆိုပင်ပန်းပြီးစောစောအိပ်တတ်သည်။မနက်ကျတော့လည်းမိုးမလင်းခင်စောစောထရသည်။
ကောက်စိုက်မတွေကိုနေမထွက်ခင်တော
ထဲလွှတ်နိုင်မှကောက်စိုက်မတွေသက်သာသည်။နို့မို့ဆိုရင်နေ့ခင်းရောက်လေနေကပူလေ။နေကပူလေ…လယ်ကွက်ထဲကရေက
ပူလေနဲ့အပေါ်ကပူအောက်ကပူ။ကောက်စိုက်မတွေပင်ပန်းလွန်းသည်။နေမထွက်ခင်အိပ်ယာထတော့စောစောစိုက် ရသည်။စောစောအလုပ်ပြီးတော့စောစောအလုပ်နားရသည်။ထို့ကြောင့်မနက်ဝေလီ
ဝေလင်းဆိုတစ်ရွာလုံးလုပ်ငန်းခွင်ဝင်ဖို့လှုပ်
လှုပ်ရွရွနဲ့ဖြစ်နေကုန်ကြပြီ။ဇမ္ဗူထနောင်းနိုးသွားမှာစိုးလို့တိတ်တိတ်
ဆိတ်ဆိတ်ပဲရေချိုးအဝတ်အစားလဲလိုက်သည်။ပြီးတော့ကိုယ့်ရဲ့အသက်လေးဘေး
မှာဝင်အိပ်ပြီးမျက်နှာကိုတစိမ့်စိမ့်ကြည့်နေမိသည်။ကိုယ့်ရဲ့အသက်လေးကအသက်
(၃၇)တောင်ပြည့်ပြီပဲ။အသက်ကြီးသွားပေမဲ့လူကပိုပိုပြီးချစ်ဖို့ကောင်းလာသည်။အရင်လိုထုရိုက်နေတာတွေလည်းသိပ်မလုပ်တော့ပေ။ကိုယ့်အပေါ်မှာတီတီတာတာချွဲနွဲ့နေတာတွေ
မရှိပေမဲ့လူပျိုကြီးရဲ့တုတ်ထိုးအိုးပေါက်ပြောတာလေးတွေ၊ဒေါသထွက်ရင်အော်ဟစ်ပြော
ဆိုနေတာလေးတွေကိုသူတကယ်ပဲစွဲလန်းရပါသည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့