အခန်း(၆၀)

5.8K 390 7
                                    

မနက်ငါးနာရီဆိုတာထနောင်းအိပ်ယာထချိန်။လယ်အလုပ်တွေရှင်းနေပေမဲ့ထနောင်းကဝတ္တရားမပျက်စောစောထသည်။ကြီးထွေးကိုအလုပ်ကူလုပ်သည်။

ထနောင်းထသွားတော့ဇမ္ဗူ တစ်ယောက်တည်းအိပ်ယာထဲမှာကျန်ခဲ့သည်။ခြံထဲမှာအိမ်ဆောက်
ထားပေမဲ့ထနောင်းကိုခေါ်မရလို့ဇမ္ဗူ လည်းအိမ်
ဟောင်းမှာပဲနေနေရသည်။ထနောင်းမရှိတော့ဆက်အိပ်ချင်စိတ်မရှိတာနဲ့သူပါထလာခဲ့သည်။

ထနောင်းကအိမ်ဝိုင်းထဲတွင်တံမြက်စည်းလှဲသည်။သောက်ရေအိုးရေဖြည့်သည်။ရေကန်ကိုမော်တာနဲ့ရေတင်သည်။ဆွမ်းခံကိုယ်တော်တွေကိုဆွမ်းလောင်းသည်။အိမ်ဝိုင်းထဲကသစ်ပင်တွေကိုရေလောင်းသည်။ဇမ္ဗူ ကထနောင်းကိုကြည့်ရင်းသက်ပြင်းချသည်။

ထနောင်းကဘယ်တော့မဆိုတလှုပ်လှုပ်နဲ့အလုပ်လုပ်နေတတ်သည်။လုပ်စရာမရှိရင်ခြံထဲဆင်း
ပြီးသပြေခင်းအနှံ့မြက်ပေါက်သည်။ဇမ္ဗူ ကထနောင်းကိုသက်သောင့်သက်သာနေစေချင်သည်။
ခြံရှင်းတဲ့အလုပ်ကိုမလုပ်ပါနဲ့လို့ပြောလည်းမရ။ဒီနေ့တော့ထနောင်းမြို့ထဲသွားစရာရှိနေသည်။

ထနောင်းနောက်ကတောက်တဲ့လိုကပ်ပါနေတဲ့ဇမ္ဗူ ကထနောင်းနဲ့လိုက်မသွားဘဲအိမ်တွင်နေခဲ့သည်။ကြိုတင်ကြံစည်ထားသည့်အတိုင်းအလုပ်သမားဆယ်ယောက်ငှားပြီးခြံကြီးတစ်ခြံလုံးကိုအပြောင်ရှင်းပစ်သည်။

ညနေသုံးနာရီခန့်တွင်ထနောင်းမြို့ကပြန်လာသည်။ခြံထဲကိုရောက်လာတော့အံ့သြဖွယ်ကောင်းစွာတစ်ခြံလုံးပြောင်ရှင်းနေသည်။

သပြေခင်းထဲကမြက်တွေ၊ခြံစည်းရိုးကခြုံတွေ၊ကို့ရို့ကားယားနဲ့သစ်ပင်သစ်ကိုင်းတွေကအစဘာမှမကျန်။အကုန်ရှင်းထားသည်။ဇမ္ဗူ ထနောင်းဆီကနေချီးကျူးခံရဖို့မျှော်လင့်မထားပါဘူး။သူလုပ်ချင်တာလုပ်ရလို့ကျေနပ်နေသည်။ထနောင်းက-

“မင်းလူဘယ်နှစ်ယောက်ငှားလိုက်တာလဲ”

“ဆယ်ယောက်"

“ငွေဘယ်လောက်ကုန်သွားလဲ"

“တစ်ယောက်တစ်သောင်းစီမုန့်ဖိုးပေးလိုက်
တယ်"

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now