ထနောင်းတို့အိမ်ရှေ့အလုပ်ရှုပ်နေချိန်တွင်ခြံထဲ၌လည်းအလုပ်ရှုပ်နေကြသည်။သပြေတန်းရွာ၏ရွာအရပ်လေးမျက်နှာတွင်ရွာတံခါးလေးခု
ရှိသည်။ညဘက်ဆိုလျှင်ကင်းစောင့်တာဝန်ကျသူကရွာတံခါးပိတ်ရသည်။တံခါးလေးခုရှိတာမို့ရွာကိုလေးပိုင်းခွဲပြီးကင်းခေါင်းလေးခေါင်းဟု
ခေါ်ကြသည်။ရွာတွင်သာရေးနာရေးကိစ္စရှိလျှင်ကင်းခေါင်းလေးခေါင်းကတာဝန်ခွဲဝေယူရသည်။အခုအလှူအတွက်ထမင်းချက်ဖို့တာဝန်ကျတာကဦးစိုးတင့်ကင်းခေါင်းဖြစ်သည်။အလှူတစ်လျှောက်လုံးအစကနေအဆုံးထိသူတို့ကင်းခေါင်းကတာဝန်ယူပြီးထမင်းချက်ပေးရမှာဖြစ်သည်။ဖိုကျင်းတူး၊ကန်တော့ပွဲပေးပြီးတာနဲ့သူတို့အဖွဲ့ကထမင်းပေါင်းအိုးတည်ဖို့ပေါင်းအိုးစင်အတွက်တိုင်စိုက်ကြသည်။
ဟင်းချက်အဖွဲ့ကတော့ကင်းခေါင်းတွေနဲ့မဆိုင်။သူတို့ကတစ်ရွာလုံးမှာတစ်ဖွဲ့ပဲရှိသည်။သာရေးရှိရှိ၊နာရေးရှိရှိအဖွဲ့လိုက်နေရာရွှေ့ပြီးချက်ပေးရသည်။သူတို့အဖွဲ့ကလည်းအလှူတစ်လျှောက်
လုံးဟင်းပဲချက်သည်။ထမင်းမချက်။မီးဖိုကျင်းကန်တော့ပွဲပြီးတာနဲ့သူတို့အဖွဲ့ကလည်းတန်းပြီးချက်ကြပြုတ်ကြသည်။ဒီနေ့ကစပြီးအလှူအိမ်မှာကူလုပ်တဲ့လူမှန်သမျှအလှူအိမ်ကထမင်းကျွေးမှာမို့ထမင်းပေါင်းအိုး
ကြီးစတည်သည်။ပဲဟင်းချိုအိုးကြီးစတည်သည်။အလှူမတိုင်ခင်မို့ငါးခြောက်ရိုးတွေချက်ကျွေးသည်။ငါးခြောက်ခုတ်သည့်နေ့ကငါးခြောက်ရိုးသပ်
သပ်ဖယ်ထားတာတွေကိုရွာဘုံဒယ်ကြီးတွေနဲ့ငါးခြောက်ရိုးဟင်းချက်သည်။အောင်သီဟကလည်းရွာသားတွေနဲ့အတူအလုပ်ကူလုပ်ပေးနေသည်။သူကသူ့ဆရာနဲ့မတူဘဲအနေတည်တံ့ပေမဲ့သူ့ဆရာလိုပဲရွာသားတွေနဲ့
အလိုက်သင့်ပေါင်းတတ်သည်။အလုပ်ကိုမခိုမကပ်လုပ်သည်။ဇမ္ဗူ ကထနောင်းပုဆိုးစဆွဲကာတကောက်ကောက်လိုက်ပြီးယောင်ခြောက်ဆယ်လုပ်နေပေမဲ့အောင်သီဟကတော့ရွာသားတွေနဲ့တန်းတူအပင်ပန်းခံပြီးအလုပ်လုပ်သည်။ရွာဘုံပစ္စည်းတွေကိုရွာလယ်ဓမ္မာရုံကနေအလှူအိမ်ဆီသယ်တော့အောင်သီဟလိုက်သွားသည်။သံဒယ်အိုးကြီးတွေကိုမရတာပေါ့ပေါ့ပါးပါးမဟုတ်။
KAMU SEDANG MEMBACA
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့