အခန်း(၇၁)

5K 347 5
                                    

ဒီနေ့အောင်စုခွဲစိတ်တာတစ်လပြည့်တဲ့နေ့။အောင်စုရက်ချိန်းပြန်ပြဖို့အောင်သီဟကမန္တလေးကိုလိုက်ပို့သည်။ကျောက်ပတ်တီးကိုနောက်နှစ်
ပတ်နေမှဖြေရမည်ဟုဆရာဝန်ကပြောသည်။စုလေးကိုချိုင်းထောက်နဲ့လမ်းလျှောက်လေ့ကျင့်ခိုင်းလို့ရပြီဟုဆရာဝန်ကပြောသဖြင့်အောင်သီဟကချိုင်းထောက်ဝယ်ပြီးစုလေးကိုရွာပြန်ခေါ်လာသည်။

ဘိုးဘိုးဒေါနအလှူကလည်းတဖြည်းဖြည်းနီးကပ်လာပြီ။အောင်သီဟကအောင်စုကိုလမ်းလျှောက်လေ့ကျင့်ပေးသည်။ချိုင်းထောက်နဲ့အခန်းထဲမှာပတ်လျှောက်လို့အဆင်ပြေသွားတော့ခြံထဲမှာပါဆင်းလျှောက်ခိုင်းသည်။ဇမ္ဗူ ခင်းထားတဲ့ကွန်
ကရစ်လမ်းကအောင်စုလမ်းလျှောက်လေ့ကျင့်ဖို့နေရာဖြစ်နေသည်။အောင်သီဟကအောင်စုဘေးကနေတစ်ဖဝါးမှမခွာလိုက်စောင့်ရှောက်သည်။

အောင်သီဟအောင်စုအပေါ်မှာဘယ်လိုပဲဂရု
စိုက်စိုက်၊စာသင်ချိန်မှာတော့နှစ်ယောက်သားမ
တည့်ကြပေ။

အောင်စုကလည်းစာနဲ့ပတ်သတ်ရင်တော်တော်ကိုပိန်းသည်။အောင်သီဟကလည်းစာနဲ့ပတ်သတ်ရင်အဆူအငေါက်သန်သည်။ဒါတောင်မနက်ခင်းတစ်ပိုင်းပဲစာသင်တာဖြစ်သည်။နေ့
ခင်းပိုင်းကနေညနေအထိကတော့အောင်စုကိုလွတ်လွတ်လပ်လပ်နေခွင့်ပေးသည်။ဇာတ်ကားကြည့်ခွင့်ပေးသည်။အောင်စုစားချင်တာတွေဝယ်ကျွေးသည်။

အဲလောက်ထိအလိုလိုက်ပါသော်လည်းစာသင်
ပေးနေတဲ့ပြစ်ချက်တစ်ခုနဲ့တင်အောင်စုကအောင်သီဟကိုအကောင်းမမြင်ပေ။ဒီနေ့အောင်သီဟကသူသင်ပေးထားတဲ့အင်္ဂလိပ်ဂရမ်မာကိုစာမေးပွဲစစ်သည်။ဂရမ်မာမေးခွန်းဆယ်ကြောင်းကိုဖြေခိုင်းတာလေးကြောင်းပဲမှန်သည်။ခြောက်ခုကမှားသည်။အောင်သီဟစုလေးကိုဆူမိသည်။

“မင်းခေါင်းထဲမှာကိုရီးယားကားကလွဲရင်ဘာမှ
မရှိတော့ဘူးလား။ဆယ်တန်းကိုမအောင်ချင်တော့ဘူးလားဟင်…မိန်းမ မယူဘဲငါနဲ့ပဲယူချင်နေတာလားဟုတ်လား…”

အောင်စုမျက်နှာစူပုပ်နေသည်။သူ့ဘဝကဆယ်
တန်းအောင်တာနဲ့မအောင်တာနဲ့ဘာမှမထူးဘူး။ဒါပေမဲ့သူအနှောင့်အယှက်ကင်းကင်းနဲ့မင်္ဂလာဆောင်နိုင်ဖို့ကဆယ်တန်းကိုအောင်မှဖြစ်မည်။သူလည်းကိုကြီးမေးတဲ့မေးခွန်းတွေကိုကြိုးစားပြီး
ဖြေတာပဲ။မှားတာတော့မတတ်နိုင်ဘူး။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Tahanan ng mga kuwento. Tumuklas ngayon