ပေါက်တောကိစ္စပြီးသွားလို့ကားပေါ်ပြန်တက်
ကြတဲ့အချိန်မှာနေရာအပြောင်းအရွှေ့တွေလုပ်
ကြသည်။တချို့ကကားပေါ်ထိုင်ရတာမူးတယ်ဆိုပြီးသုံးဘီးပေါ်ပြောင်းထိုင်ကြသည်။တချို့ကကားခေါင်မိုးပေါ်မှာထိုင်ရတာလေတိုးတယ်၊ချမ်းတယ်ဆိုပြီးကားထဲဝင်ထိုင်ကြသည်။တချို့ကတော့ကားအတွင်းမှာအသက်ရှူမဝဘူးမွန်းတယ်
ဆိုပြီးကားနောက်မြီးပြောင်းထိုင်ကြသည်။အောင်သီဟကခေါင်မိုးပေါ်မတက်ခင်စုလေးကိုမေးလိုက်သည်။
“စုလေးကားထဲကိုပြောင်းစီးမလား။အပေါ်မှာ
လေတိုးတယ်"“ဟင့်အင်း။ကားထဲကလူကြပ်တယ်”
“အဲဒါဆိုလည်းတက်"
အောင်သီဟကအောင်စုကားပေါ်တက်တာကိုရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေသည်။သူခေါင်မိုးပေါ်ရောက်ပြီးမှကိုယ်ပါလိုက်တက်ရသည်။စုလေးကိုလေတိုးမှာစိုးလို့နေရာပြောင်းစီးမလား
မေးတာ။တကယ်တော့ကိုယ်လည်းပဲမပြောင်းချင်ပါဘူး။စုလေးကိုရင်ခွင်ထဲထည့်ပြီးကားစီးရတာကြုံတောင့်ကြုံခဲ။ဒီလိုအခွင့်အရေးမျိုးနောက်တစ်ကြိမ်ရနိုင်ပါ့မလား။နောက်ကနေမသိမသာနဲ့လည်
ပင်းလေးတွေ၊နားရွက်လေးတွေခိုးခိုးနမ်းရတာဘယ်လောက်အရသာရှိလဲ။အခွင့်အရေးယူတာမဟုတ်ပါဘူး။အခြေအနေကဖန်တီးနေလို့ပါ။ကိုထနောင်းကတော့ထုံးစံအတိုင်းလူလိုက်စစ်သည်။
“ကျန်နေတဲ့သူရှိသေးလား။ရွာကထွက်လာတုန်းကကိုယ့်ဘေးနားထိုင်နေတဲ့သူတွေဘယ်သူတွေမရောက်သေးတာတုန်း။သေချာပြန်စစ်ကြဟေ့…ကျန်နေခဲ့ရင်ပြန်လှည့်မခေါ်ဘူး။ပြောပြီးသားနော်”
နေရာပြောင်းတဲ့ကိစ္စပြီးသွားတော့ကားကိုဆက်
မောင်းခဲ့ကြသည်။တံတားဦးမြို့နားရောက်တော့ကားလမ်းအသစ်ကြီးကကားခေါင်မိုးပေါ်မှာလူမစီးရဘူးတဲ့။ဒီတော့ခေါင်မိုးပေါ်ကလူတွေမချရအောင်လမ်းသစ်ကမမောင်းဘဲလမ်းဟောင်းကမောင်းလာခဲ့ကြသည်။ဘီးခွန်ဆောင်ရမည့်နေရာရောက်တော့ထနောင်းကကားနှစ်စီးနဲ့သုံးဘီးတစ်စီးလို့ပြောပြီးဘီးခွန်ဆောင်သည်။သို့သော်ကားနှစ်စီးပဲရှိပြီးသုံးဘီးကပါမလာ။သုံးဘီးလေးဘယ်ရောက်သွားပါလိမ့်။
STAI LEGGENDO
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့