အခန်း(၁၈)

10.1K 748 4
                                    

ထနောင်းမေးခွန်းကြောင့်ဇမ္ဗူ စိတ်မကောင်းဖြစ်သွားရသည်။သူလိမ်ခဲ့တာတွေကအများကြီးပဲ။နှစ်ပင်လိမ်၊သုံးပင်လိမ်တွေဖြစ်နေပြီ။ဒါပေမဲ့-

“ကိုယ်ပြောခဲ့သမျှစကားတွေအကုန်လုံးကလိမ်ခဲ့တာတွေဆိုရင်တောင်မှအသက်ကိုမြင်မြင်
ချင်းချစ်ခဲ့ပါတယ်ဆိုတဲ့စကားကတော့မလိမ်ပါဘူး။အဲဒီစကားကတကယ်အတည်ပြောခဲ့တာပါ။အသက်ကိုချစ်လို့အသက်နဲ့အတူနေချင်လို့
မန္တလေးနဲ့သပြေတန်းရွာကိုနေ့မှန်းမသိ၊ညမှန်း
မသိအပင်ပန်းခံပြီးအလုပ်တစ်ဖက်နဲ့အပြေးအလွှားကူးနေခဲ့တာခတ္တာလေးကိုတွေ့ချင်လို့လာတယ်များထင်နေလား။အသက်ကိုတွေ့ချင်လို့
လာနေခဲ့တာပါ။

ဒီရွာမှာအိမ်ဆောက်ဖို့စီစဉ်တာကလည်းအသက်နဲ့အတူနေချင်လို့စီစဉ်တာ။ကိုယ်လုပ်သမျှအ
ရာရာတိုင်းကမှားနေပါတယ်လို့လူတိုင်းကထင်
နေရင်တောင်မှအသက်ကိုချစ်လို့လုပ်ခဲ့တဲ့လုပ်ရပ်တိုင်းအတွက်ကိုယ်ကတော့မှားတယ်လို့မထင်ဘူး။အဲဒီအတွက်ကိုယ့်လိပ်ပြာကိုယ်လုံတယ်"

“အဲဒီတော့မင်းကငါ့အမျိုးတွေကိုဘယ်လိုပြောမှာလဲ။ကံ့ကော်ကိုတောင်းရမ်းခဲ့တဲ့ကျွန်တော်
ကကံ့ကော်ယောက်ျားမဟုတ်ပါဘူးလို့ပြောမှာလား။မင်းကငါ့တစ်ယောက်တည်းတင်မဟုတ်
ဘူး။တစ်ရွာလုံးကိုပါလိမ်ခဲ့တာ"

“တောင်းပန်ပါတယ်"

“မတောင်းပန်နဲ့။မင်းတောင်းပန်လည်းမင်းကိုငါမကျေနပ်ဘူး။ငါ့ကိုတစ်ခါစားရရုံနဲ့မင်းငါ့ကိုပိုင်ပြီလို့မတွက်နဲ့"

“အဲလိုမပြောပါနဲ့အသက်ရယ်။ကိုယ်ကစားပြီးနားမလည်လုပ်တဲ့ကောင်မဟုတ်ပါဘူး။ပြီးတော့ဒီကိစ္စကကိုယ်တမင်ညစ်ပတ်ခဲ့တာလည်းမဟုတ်ဘူးလေ”

“အဲဒါကြောင့်မို့မင်းအမှားလည်းမဟုတ်နေဘူး
လေ။ဒီတော့ငါတို့ဘာမှမဖြစ်ခဲ့ဘူးလို့သဘောထားလိုက်"

“အသက်"

“ဘာလဲ”

“ဘာမှမဖြစ်ခဲ့ဘူးလို့သဘောမထားနိုင်ပါဘူး။
အသက်နဲ့ကိုယ်နဲ့ကရပြီးနေပြီ"

“အဲဒါကိုဘယ်သူသိလို့တုန်း"

“တခြားဘယ်သူမှမသိဘူးဆိုရင်တောင်မှကိုယ်တို့နှစ်ယောက်လုံးသိတယ်။ညကအတူနေ
ခဲ့ကြတာမို့လို့အခုအသက်မထနိုင်ဘူးမို့လား"

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now