အခန်း(၃၉)

6.8K 519 5
                                    

အောင်သီဟကမှန်ကောင်တာထဲကဖုန်းတစ်
လုံးကိုလက်ညှိုးထိုးပြတော့အရောင်းဝန်ထမ်း
မိန်းကလေးကဖုန်းကိုထုတ်ပေးသည်။အောင်
သီဟကဖုန်းကိုကိုင်ကြည့်ပြီး-

“ဒါလေးကပစ္စည်းကောင်းတယ်…စုလေးဒါယူ"

အောင်စုကဖုန်းကိုယူပြီးဈေးနှုန်းဖတ်ကြည့်လိုက်သည်။(၁၄)သိန်းတဲ့။ဟုတ်မှဟုတ်ရဲ့လား…သူဆယ်တန်းမအောင်ပေမဲ့ဂဏန်းသင်္ချာတော့
ဖတ်တတ်ပါသေးတယ်။သူအမြင်မမှားပါဘူး။
သုညတွေရေတွက်ကြည့်လိုက်တာအမှန်အကန်(၁၄)သိန်း။

အောင်စုဖုန်းကိုကောင်တာပေါ်ချပြီး-

“မလိုချင်ဘူးကိုကြီး"

“ဘာလို့လဲ"

“အဖေကသုံးသိန်းပဲပေးလိုက်တာ"

“အဲဒီသုံးသိန်းကိုစုလေးမုန့်ဖိုးယူလိုက်။ဖုန်းကကိုကြီးဝယ်ပေးမယ်"

“မဝယ်ပါနဲ့ဒီလောက်ဈေးကြီးတာကြီးကို"

“ဝယ်မှာပဲ။ကိုယ်ကဝယ်ပေးချင်နေလို့”

“မဝယ်ပါနဲ့ကိုကြီး။ဇာတ်ကားကြည့်လို့ရရင်တော်ပါပြီဆို။တစ်သိန်းနှစ်သိန်းတန်လောက်ပဲ”

“တော်ပြီစုလေး…စကားမများနဲ့။ကိုကြီးဝယ်ပေးတာယူ”

အထက်စီးဆန်ဆန်အမိန့်ဆန်ဆန်ပြောလိုက်တဲ့
အောင်သီဟစကားကြောင့်အောင်စုပါးစပ်ပိတ်
သွားရသည်။အောင်သီဟကအောင်စုကိုပြောရင်းဖုန်းမြည်သံကြောင့်ကိုင်လိုက်သည်။

“ဟယ်လို"

“……”

“ဟုတ်ကဲ့။ကျွန်တော်ခဏနေလာတွေ့မယ်
လေ”

“……”

“အကြာကြီးတော့နေလို့မရဘူး။ဧည့်သည်ပါလို့”

“……”

“အင်း…အခုလာတွေ့မယ်”

အောင်သီဟဖုန်းချပြီးအောင်စုဘက်လှည့်ကြည့်သည်။

“စုလေးဒီနားမှာထိုင်။ခဏလေးပဲနော်…ကိုကြီးကိုစောင့်နေ”

အောင်သီဟကဆိုင်ထဲကထိုင်ခုံတစ်ခုမှာအောင်စုကိုထိုင်ခိုင်းပြီးဆိုင်အပေါ်ထပ်ကိုတက်သွားသည်။ဆိုင်မန်နေဂျာကအောင်သီဟပြခဲ့တဲ့ဖုန်းကိုအိတ်ကလေးနဲ့ထည့်ပြီးအောင်စုကိုလာပေးသည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Tahanan ng mga kuwento. Tumuklas ngayon