ထနောင်းအိပ်ယာကနိုးတော့ပထမဆုံးစသိလိုက်တာကသူ့တစ်ကိုယ်လုံးတင်းကြပ်နေသည်။
မြို့သားကောင်ကသူ့ကိုတင်းနေအောင်ဖက်
ထားပြီးခြေထောက်နဲ့ပါခွထားသည်။ညကမိုးအေးအေးနဲ့မို့စောင်ခြုံ ပြီးအိပ်နေတာကိုစောင်နဲ့လုံးထွေးနေတဲ့ခန္ဓာကိုယ်ကိုဒီကောင်
ကမရမကဖက်တွယ်ထားသည်။မိုးအေးအေးနဲ့
သူ့ရင်ငွေ့နွေးနွေး…အာ…ဘာရင်ငွေ့နွေးနွေးတုန်း။ထနောင်းစောင်ကိုဆွဲခွာလိုက်သည်။“မြတ်စွာဘုရား"
သူဝတ်ထားတဲ့အင်္ကျီကကြယ်သီးတစ်လုံးမှစေ့မနေ။အင်္ကျီဟပြဲနဲ့။အယုတ်တမာကောင်ကအင်္ကျီတောင်မကပ်တော့ဘူး။
ညကသူ့ကိုအတူမအိပ်နိုင်ဘူးပြောတော့ကြီးထွေးနဲ့ခတ္တာလေးနဲ့ခြိမ်းခြောက်ပြီးမရမကသူနဲ့ဝင်အိပ်သည်။သူ့ကိုစိတ်မချလို့သတိကြီးနဲ့အိပ်နေတာမို့လူကအိပ်မပျော်။ညလယ်လောက်ကျမှမိုး
တွေရွာချလာတာနဲ့စောင်ခြုံ ပြီးကွေးရင်းမိုးအေး
အေးနဲ့အိပ်ပျော်သွားသည်။မနက်ခင်းနိုးလာတော့ကိုယ့်တစ်ကိုယ်လုံးကသူ့ရင်ခွင်ထဲရောက်ပြီးဒင်းကအင်္ကျီတောင်မပါ
တော့ဘူး။“တောက်"
ထနောင်းစိတ်တိုတိုနဲ့ဇမ္ဗူ့ ကိုဆောင့်တွန်းလိုက်သည်။
“သွားစမ်းကွာ"
ဇမ္ဗူ လည်းနိုးသွားပြီးအိပ်ယာကနေငုတ်တုတ်ထထိုင်လိုက်သည်။စောင်နဲ့လုံးနေတဲ့သူ့အင်္ကျီကိုဆွဲယူပြီးဝတ်သည်။ပြီးတော့မျက်နှာကပြုံးစိစိနဲ့
အပိုးမသေ။ဒီလူပျိုကြီးမအိပ်ခင်ကတော့လေတစ်လုံးမိုးတစ်လုံး။အိပ်ပျော်သွားတော့ဘာမှမသိ။သူ့ရင်ဘတ်ကကြယ်သီးတွေတစ်လုံးပြီးတစ်လုံး
ဖြုတ်နေတာလည်းမသိဘူး။သူ့ရင်ဘတ်ဖြူ ဖြူ ဖွေးဖွေးကိုနှုတ်ခမ်းနဲ့ပွတ်သပ်ပြီးနမ်းနေတာကို
လည်းမသိဘူး။ဒီ့ထက်ပိုပြီးကြမ်းကြမ်းတမ်းတမ်းနမ်းရှိုက်လိုက်ချင်ပေမဲ့လူပျိုကြီးနိုးသွားမှာစိုးလို့အနမ်းနုနု
လေးနဲ့ပဲကျေနပ်တင်းတိမ်လိုက်ရသည်။ထနောင်းကသူမနိုင်တဲ့လူကိုဘာမှမပြောချင်တော့တာနဲ့မျက်နှာသစ်ဖို့ထသွားသည်။ထုံးစံအတိုင်းကြီးထွေးကတော့မိုးမလင်းခင်ကတည်းကချက်ပြုတ်နေတာမို့မိုးလင်းတာနဲ့မနက်စာကအဆင်သင့်ဖြစ်နေပြီ။
ESTÁS LEYENDO
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့