ထနောင်းနဲ့ဇမ္ဗူ မဏ္ဍပ်ဆီရောက်လာတော့မဏ္ဍ
ပ်ကလူတွေပြည့်နေသည်။ညကိုးနာရီဆိုတော့
မုန့်ဈေးတန်းကလည်းလူပါးသွားပြီတချို့လည်း
ရောင်းကုန်သွားလို့ဆိုင်းသိမ်းနေကြသည်။ဆိုင်း
ကြည့်တဲ့လူတွေကမဏ္ဍပ်နဲ့ပြည့်နေတဲ့အပြင်
မဏ္ဍပ်ထဲဝင်မရလို့အပြင်ကနေလည်းမတ်တပ်
ရပ်ကြည့်နေကြတာအုံခဲနေသည်။သူတို့သုံးယောက်မဏ္ဍပ်ရှေ့ရောက်နေတုန်းအနားကိုအာကာရောက်လာသည်။အာကာက-
“နောင်းနောင်းကိုမလာတော့ဘူးမှတ်နေတာ"
“ဆိုင်းအဖွဲ့ကိုဆုချရဦးမှာလေ"
“အင်းဟုတ်တယ်။ထုံးစံမပျက်ရအောင်ဆုချရမှာပေါ့။ကိုယ်လည်းဆုချမယ်လေ”
အာကာကထနောင်းလက်ကိုကိုင်ပြီးပြောလိုက်တော့ဇမ္ဗူ ကမကြည်ပေါက်နဲ့ကြည့်ပြီး-
“ရိုးရိုးပြောလက်မပါနဲ့"
နှစ်ယောက်သားအကြည့်ချင်းဆုံသွားပြီးသကာလ-
“ဟွန့်"
“ဟွန့်"
နှစ်ယောက်လုံးပြိုင်တူမျက်နှာလွှဲသွားကြသည်။
ဇမ္ဗူ ကခတ္တာလေးကိုချီထားသည်။ဆိုင်းအဖွဲ့ကိုဆုချပါမယ်ဆိုမှပျားအုံကြီးလိုအုံခဲနေတဲ့ပွဲကြည့်ပရိသတ်ကိုသူတို့ဘယ်လိုများတိုးရပါ့မလဲ။ဆိုင်းဆရာကလည်းသူ့အရှိန်နဲ့သူလှိမ့်နေသည်။ဆိုင်းဆရာကတီး၊အဆိုတော်ကဆို၊သီချင်းဆိုပြီးရင်
လူရွှင်တော်ကပျက်လုံးထုတ်။ပရိသတ်ကလည်းသဘောတွေကျလို့ထပြန်မဲ့အရိပ်အယောင်မမြင်။ဇမ္ဗူ က-“အသက်ဘယ်လိုလုပ်မလဲ။အနားလည်းသွားလို့မရဘူး"
“သွားစရာမလိုဘူး။ကိုးနာရီထိုးတော့မယ်။ခဏနေရင်သူတို့အလှူရှင်ကိုခေါ်လိမ့်မယ်”
“သူတို့ခေါ်မှာလား"
“အင်း…လာဒီနားမှာထိုင်ရအောင်"
လေးယောက်သားမုန့်ဈေးတန်းကအကြော်ဆိုင်
တွင်ဝင်ထိုင်ကြသည်။အဝတ်အစားဆင်တူဝတ်
ထားတဲ့ထနောင်းတို့ကိုမြင်တဲ့လူတိုင်းကနှုတ်ဆက်ကြသည်။ပြီးတော့ဆိုင်းကြည့်တဲ့ပရိသတ်ဆီတစ်ယောက်နဲ့တစ်ယောက်လက်ဆင့်ကမ်းပြီးအလှူရှင်ရောက်နေတဲ့အကြောင်းဆိုင်းအဖွဲ့ဆီသတင်းပို့သည်။ခဏကြာတော့ထနောင်းပြောသလိုပင်ဆိုင်းအဖွဲ့ကလူရွှင်တော်ကနာမည်တပ်ပြီးခေါ်သည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့