အောင်တို့အတွဲရဲ့ဟန်းနီးမွန်းခရီးလေးပါနော်…
အောင်သီဟကအောင်စုကိုဟန်းနီးမွန်းခရီးထွက်မယ်ဘယ်သွားချင်လဲဟုမေးသည်။အောင်စုကခရီးအဝေးကြီးမသွားချင်ပါဟုဆိုသဖြင့်အနီးအနားမှာရှိတဲ့ပြင်ဦးလွင်ကိုပဲလိုက်ပို့ပေးခဲ့သည်။
မနက်ခင်းမှာမင်္ဂလာဆောင်ပြီးညနေခင်းပိုင်းမှအိမ်ကထွက်လာခဲ့တာမို့ပြင်ဦးလွင်ရောက်တော့မိုးချုပ်နေပြီ။စုလေးကိုစားသောက်ဆိုင်တစ်ဆိုင်မှာညစာဝင်ကျွေးပြီးကော်ဖီခြံသို့ခေါ်လာခဲ့သည်။ကော်ဖီခြံထဲကဘန်ဂလိုအိမ်လေးမှာမင်္ဂလာဦးအတွက်သူကြို ပြီးပြင်ဆင်ခိုင်းထားသည်။အိမ်ထဲကအသုံးအဆောင်ပစ္စည်းတွေအကုန်လုံးအဝါရောင်လွှမ်းနေသည်။
အိပ်ခန်းထဲဝင်လိုက်တော့မင်္ဂလာမွေ့ယာကြီးကိုမြင်ပြီးစုလေးမျက်နှာဝင်းလက်သွားသည်။အိပ်ယာကြီးဆီပြေးပြီးနှင်းဆီပန်းတွေကြဲဖြန့်ထားတဲ့အဝါရောင်မွေ့ယာကြီးပေါ်ပစ်လှဲပြီးအိပ်လိုက်သည်။အောင်သီဟကပန်းပွင့်တွေလက်နဲ့ကျုံး
ပြီးစုလေးပေါ်ကျဲချသည်။စုလေးကလက်နှစ်ဖက်ကိုဆန့်တန်းပြီး-“ပန်းမိုးတွေရွာနေပြီကိုကြီး"
“ဟုတ်ပါ့။ကိုယ့်ဘေဘီလေးကပန်းတွေနဲ့အပြိုင်လှနေတာ"
“ဟီးဟီး…အိပ်ပြီကိုကြီး"
“ဟင်…နေဦးလေစုလေး။အဝတ်အစားလဲရ
မယ်"“လဲဘူး"
“ခြေဆေးလက်ဆေးမျက်နှာသစ်ရမယ်လေ"
“လုပ်ချင်ဘူး"
ပြောနေတာလေးကကွာ…နေဦးငါအခုဟန်းနီး
မွန်းထွက်လာတာလား။ကလေးထိန်းနေရတာလား။အောင်သီဟခေါင်းခါရမ်းမိသည်။“သွားတိုက်ရမယ်စုလေး။မတိုက်ရင်သွားပိုးစားလိမ့်မယ်"
“အင်း…”
အင်း…ဆိုပြီးထလာမလားမှတ်တယ်။ပန်းမွေ့
ယာကြီးပေါ်မှာကိုယ်နဲ့ဝေးအောင်နှစ်ပတ်လောက်လှိမ့်သွားပြီးကွေးကွေးလေးအိပ်နေသည်။ခုတင်အစွန်းရောက်သွားတာမို့စုလေးပြုတ်မကျ
အောင်သူပြန်ဆွဲယူလိုက်သည်။
VOUS LISEZ
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့