ဘိုးဘိုးဒေါနကအသဲမာသည်။ရက်စက်လွန်း
သည်။တစ်လနေမှမင်္ဂလာဆောင်ပေးမယ်တဲ့။“သူများရဲ့ချစ်ခြင်းကိုခွဲတာနောက်ဘဝကျရင် FA ဂိုဏ်းချုပ်ကြီးဖြစ်ပါစေဗျာ"
ဇမ္ဗူ မေတ္တာပို့ရင်းအိပ်ယာဝင်သည်။အိပ်လို့မပျော်။သူသပြေတန်းရွာကိုစရောက်ဖူးခဲ့တဲ့နေ့က
နေဒီနေ့ဒီအချိန်ထိထနောင်းနဲ့ခွဲပြီးတစ်ခါမှမအိပ်ဖူးသေးပေ။အလုပ်ကိစ္စနဲ့မန္တလေးသွားနေရတဲ့ရက်တွေကလွဲရင်ကိုထနောင်းရဲ့ကိုယ်လုံးလေးကိုဖက်ပြီးကိုထနောင်းရဲ့ကိုယ်သင်းနံ့လေးကိုရှူရှိုက်ရင်းအိပ်ခဲ့ရတာ။အခုတော့အနားမှာကိုထနောင်းမရှိဘူး။ကျယ်
လွင့်တဲ့အိပ်ယာကြီးပေါ်မှာတစ်ယောက်တည်း
ဂဏှာမငြိမ်လျှောက်လှိမ့်နေမိသည်။လူလည်းပဲခြေရင်းရောက်လိုက်ခေါင်းရင်းရောက်လိုက်ကနေလှိမ့်ရင်းလှိမ့်ရင်းနဲ့ခုတင်ပေါ်က
ပြုတ်ကျသွားသည်။ဇမ္ဗူ ကြမ်းပြင်ပေါ်မှာပြုတ်ကျတဲ့အတိုင်းပဲဆက်အိပ်နေသည်။ပြန်ထချင်စိတ်မရှိ။“လွမ်းလိုက်တာနော်။ငါဒီအတိုင်းကြီးတစ်လ
လုံးလုံးနေရမှာဆိုရင်သေလိမ့်မယ်။နေဦး…ငါ
ကဘာလို့သေရမှာတုန်း"ဇမ္ဗူ အိပ်နေရာကနေဝုန်းခနဲ့ထသည်။ညဝတ်အင်္ကျီပေါ်ကနေ long coat အနက်ရောင်ကြီးထပ်ဝတ်သည်။လည်ပင်းမှာမာဖလာပတ်ပြီးကတ်
ဦးထုပ်အနက်ရောင်ကိုဆောင်းသည်။ဆားပုလင်းနှင်းမောင်လိုလိုဘာလိုလိုနဲ့…ပြီးတာနဲ့သပြေတန်းရွာရဲ့ဆီဗူးဆားဗူးကိုဖိုးသန်းဝင်းကိုဖုန်းဆက်ပြီးအိမ်ကနေထွက်လာခဲ့သည်။
>>>>>>>>>>>>
ဘိုးဘိုးဒေါနအိမ်ရှေ့ကားရပ်ပြီးဇမ္ဗူ ကားထဲကထွက်လာခဲ့သည်။ကားရှေ့ဖုံးပေါ်မှာစတိုင်ကျကျထိုင်ပြီးဂစ်တာကြိုးကိုညှိသည်။ဒီဂစ်တာကသူ့ထက်အသက်ကြီးသလား။သူနဲ့ရွယ်တူပဲလားမသိ။
ဟောင်းတာတော့တော်တော်ကိုဟောင်းနေပြီ။ကိုဖိုးသန်းဝင်းကိုပူဆာလို့ကိုဖိုးသန်းဝင်းကည
ကြီးမိုးချုပ်ရွာထဲလှည့်ပြီးရှာပေးထားခြင်းဖြစ်သည်။အချိန်ကတော့အချိန်ကောင်းပဲ။ညဆယ်နာရီဆိုတာရွာကင်းတဲကသံချောင်းခေါက်တဲ့အချိန်။တစ်ရွာလုံးဒီအချိန်ဆိုအိပ်ပြီ။သူသီချင်းတစ်ပုဒ်ကို
စပြီးတီးခတ်လိုက်သည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့