အခန်း(၂၈)

8.2K 600 4
                                    

ဘုရားတံတိုင်းဘေးမြေကွက်လပ်ကနေကား
တွေစထွက်သည်။ကားစထွက်ထွက်ချင်း“ဝေး…ဟေး"ဆိုပြီးအော်ကြသည်။တိုင်ပင်ထားကြတာလည်းမဟုတ်ပါဘဲနဲ့တစ်ပြိုင်နက်တည်းထအော်
လိုက်တော့ဇမ္ဗူ လန့်သွားသည်။နောက်တော့သူပါအားကျမခံလိုက်အော်သည်။

ကားတွေထွက်သွားတော့ဘုရားတံတိုင်းဘေးတွင်ဇမ္ဗူ့ ကားနဲ့အာကာ့ကားကျန်နေခဲ့သည်။ထနောင်းမျက်နှာတစ်ရွာထင်ပြီးရွာလယ်ကမြေကွက်လပ်တွင်ကားအကောင်းစားကြီးတွေထားပစ်ခဲ့ကြသည်။

ကားကရွာလယ်လမ်းမကြီးအတိုင်းမောင်းလာသည်။ရွာထဲကမထွက်မချင်းကားပေါ်ကလူတွေကလမ်းတစ်လျှောက်လုံးအော်ကြသည်။လမ်းမှာတွေ့သမျှလူတွေအကုန်လုံးကလက်ပြကြသည်။ဘာအတွက်လက်ပြကြမှန်းမသိပေမဲ့ဇမ္ဗူ ကထိုင်ခုံတန်းရဲ့နောက်ဆုံးမှာထိုင်နေတာဆိုတော့လက်ပြန်ပြမိသည်။

သပြေတန်းရွာမှာနေပျော်နေတော့ကိုယ်ကိုယ်
တိုင်မသိလိုက်ခင်မှာပဲရွာသားတွေနဲ့ကိုယ်နဲ့ကတစ်သားတည်းဖြစ်နေခဲ့သည်။

ကားသုံးစီးကရွာထဲကနေထွက်ပြီးကားလမ်းမ
ကြီးဆီသို့ဦးတည်ကာမောင်းလာခဲ့သည်။ရွာမြေလမ်းဆုံးပြီးကားလမ်းမကြီးပေါ်သို့ရောက်လျှင်
အင်းဝမြို့ဟောင်းတည်ရှိရာတံတားဦးမြို့နယ်သို့
ဆက်ပြီးခရီးနှင်ခဲ့ကြသည်။

လမ်းတွင်တမုတ်ရွှေဂူကြီးဘုရားဆိုသည့်မုခ်ဦး
ကြီးကိုတွေ့ရသည်။တမုတ်ကိုကျော်ပြီးရှေ့ဆက်သွားတော့ပန်းလောင်မြစ်ကူးတံတားကိုရောက်သည်။တံတား၏တောင်ဘက်တွင်ပန်းလောင်မြစ်နှင့်စမုံမြစ်တို့ပေါင်းဆုံကြသည်။တံတား၏
မြောက်ဘက်တွင်မြစ်နှစ်ခုပေါင်းပြီးပန်းလောင်
မြစ်အဖြစ်ဆက်စီးဆင်းသည်။မြစ်နှစ်မြစ်ဆုံသည့်နေရာမှာတော့ရေပြင်ကတော်တော်ကျယ်သည်။

ပန်းလောင်မြစ်ကိုကျော်ပြီးသိပ်မကြာခင်မှာပဲတံတားဦးမြို့နယ်ထဲသို့ရောက်လာခဲ့သည်။လမ်းကကတ္တရာလမ်းဖြစ်ပေမဲ့လည်းလမ်းဟောင်းဖြစ်နေတာမို့အသုံးပြုသူနဲသည်။ဒေသခံတွေလောက်
ပဲသွားကြလာကြသည်။လမ်းဟောင်းတစ်ခု၏
အင်္ဂါရပ်နဲ့လျော်ညီစွာကတ္တရာလမ်းကဖြောင့်ဖြူး
ခြင်းမရှိ။ချိုင့်တွေခွက်တွေနဲ့။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Où les histoires vivent. Découvrez maintenant