"စုလေး...ဒါလေးကြိုက်လား"
"ဟင့်အင်း"
ငါးကြိမ်မြောက်မေးခြင်းဖြစ်သည်။စုလေးရဲ့တစ်ခုတည်းသောအဖြေက...ဟင့်အင်း။အောင်သီဟနောက်ထပ်မမေးတော့ဘူး။အောင်စုနဲ့လိုက်
ဖက်မယ်ထင်တာတွေကိုယ့်ဟာကိုယ်ကြည့်ဝယ်လိုက်သည်။ဟွန်ဒီအင်္ကျီအဝါရောင်လေးကိုမြင်တော့လက်
ကအလိုလိုလှမ်းမိသည်။အဝါရောင်နဲ့လိုက်ဖက်
လွန်းတဲ့ကလေးကိုအဝါရောင်မဆင်ဘူးလို့တွေးထားပေမဲ့စုလေးကအဝါရောင်ကြိုက်မှန်းသိတော့အင်္ကျီကိုဆွဲဖြုတ်လိုက်သည်။စုလေးကိုသူ
ကြိုက်တာတွေပဲဝယ်ပေးချင်တာမို့ကျောပိုးအိတ်
အဝါရောင်၊ရှပ်အင်္ကျီအဝါရောင်လေးတွေဝယ်ပေးဖြစ်သည်။စုလေးကိုအိမ်ခေါ်သိပ်ဖို့စိတ်ကူးထားတာမို့ညအိပ်ဝတ်စုံဝယ်ပေးတော့လည်းအဝါရောင်ကာတွန်းရုပ်လေးတွေပါတဲ့ဝမ်းဆက်လေးဝယ်ပေးသည်။ရွာပြန်ရောက်ရင်လည်းဝတ်လို့ရအောင်
သုံးလေးစုံလောက်တစ်ခါတည်းဝယ်လိုက်သည်။ပုဆိုးတော့ဝယ်ပေးဖို့စိတ်ကူးမရှိ။ညဘက်အိပ်ရင်ဟိုလှိမ့်ဒီလှိမ့်နဲ့ပုဆိုးလန်တတ်တဲ့ကလေးကိုအတွင်းခံဘောင်းဘီလေးတွေပါဝယ်ပေးသည်။
အောင်စုကသူဘာဝယ်ဝယ်ဘာမှမပြော။ဝစီပိတ်ကျင့်ပြီးသူသွားရာနောက်တကောက်ကောက်လိုက်နေသည်။သူ့ကိုမျက်စိအောက်ကအပျောက်မခံဘဲတကောက်ကောက်လိုက်နေတာအ
ကြောင်းရှိသည်။သူဘယ်မှမသွားတတ်၊မလာတတ်လို့။"စုလေးဗိုက်ဆာပြီလား"
"ဟင့်အင်း"
အောင်သီဟသက်ပြင်းချမိသည်။ဖုန်းမဝယ်ခင်
ကအထိအကောင်းအတိုင်းရှိနေသေးတဲ့ကလေးကဖုန်းဝယ်ပြီးနောက်ပိုင်းဘာမေးမေးခေါင်းရမ်း
နေတော့သည်။ဒီကလေးမဆာဘူးဆိုတာမဖြစ်နိုင်ဘူး။ထမင်းစားပြီးရင်တောင်နောက်ထပ်ဘာစားစားဝင်သေးတဲ့ကလေးကမဆာဘူးဆိုရင်တောင်မှမုန့်
တော့စားချင်မှာပဲ။အောင်သီဟစုလေးကိုဘာမှထပ်မမေးတော့ဘဲမုန့်ကောင်တာဘက်ကိုသွားသည်။မျက်စိအောက်မှာမြင်သမျှမုန့်ထုပ်တွေကိုဈေးဝယ်ခြင်းထဲတစ်မျိုးပြီးတစ်မျိုးကောက်ထည့်သည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့