ညနေခင်းတွင်မကြည်မာထနောင်းတို့အိမ်ရောက်လာသည်။ပဲတီနှစ်တင်းကိုအပင်မဖောက်ခင်
ရေစိမ်ရမှာမို့ဇလုံတွေယူလာခိုင်းသည်။ကြီးထွေးကဇမ္ဗူ ကန်တော့ပွဲတင်တုန်းကကန်တော့ပွဲထိုးဖို့သုံးခဲ့တဲ့စတီးဇလုံကြီးတွေယူလာပေးသည်။ပဲတီတစ်တင်းကို(၁၆)ပြည်ရှိသည်။မကြည်မာကပဲတီတစ်တင်းခွဲပဲသုံးမည်ဟုပြောသဖြင့်တစ်
တင်းခွဲ(၂၄)ပြည်။စတီးဇလုံတစ်လုံးကိုပဲတီနှစ်
ပြည်စီခြင်ထည့်ပြီးဇလုံကြီး(၁၂)လုံးကိုအိမ်ရှေ့
ရေကန်ဘေးတွင်မိုးကာကြီးခင်းပြီးတန်းစီချထားလိုက်သည်။ပဲတီဇလုံတွေထဲရေလောင်းထည့်
ပြီးတစ်ညလုံးစိမ်ထားလိုက်သည်။ထနောင်းက-“မြို့သားမနက်ဖြန်ကစပြီးပဲတီတွေရေလောင်း
ရမှာနော်”“အင်းပါအသက်ရဲ့”
ပဲတီရေလောင်းတာများဘာခက်တာလိုက်လို့။ကိုထနောင်းကရေးကြီးခွင်ကျယ်လုပ်လွန်းသည်။အခုလည်းပဲတီဖောက်မဲ့ဇလုံတွေထဲသူပဲရေလောင်းထည့်ပေးခဲ့ရတာပါ။ဇမ္ဗူ တစ်ယောက်
ရှေ့ရေးကိုကြိုမမြင်လို့ထိုညကနှစ်ခြိုက်စွာအိပ်
ပျော်နိုင်ခဲ့သည်။>>>>>>>>>>>
နောက်တစ်နေ့မနက်ငါးနာရီထိုးတော့မကြည်မာထနောင်းအိမ်ရောက်လာသည်။ထနောင်းကသူအိပ်ယာထတဲ့အချိန်တိုင်းတစ်ခါမှမနှိုးဖူးတဲ့မြို့
သားကိုအခုတော့နှိုးပြီလေ။“မြို့သား…ထထ"
လက်မောင်းကိုတဖတ်ဖတ်ရိုက်ပြီးနှိုးနေတော့
ဇမ္ဗူ နိုးလာသည်။“ဟင်…အသက်ဘာတုန်း"
“ပဲတီရေလောင်းရမယ်"
“ဟင်…ဒီအချိန်ကြီးလား"
“ဒီအချိန်ကဘာဖြစ်လို့တုန်း”
“ငါးနာရီပဲရှိသေးတယ်"
“မနက်ငါးနာရီဆိုတာရွာကလူတွေပုံမှန်အလုပ်
ထလုပ်တဲ့အချိန်ပဲ။မစောတော့ဘူး။မင်းကပဲတီ
ရေလောင်းပေးမှာဆို”“သြော်…အင်း။လောင်းပေးမှာပေါ့"
ဇမ္ဗူ အိပ်ယာကထလာတော့ထနောင်းကအိမ်နောက်ဖေးကျီထဲကထန်းခေါက်တောင်းကြီးတွေသယ်ဖို့လိုက်ခဲ့ဟုဆိုကာခေါ်သွားသည်။အလှူအတွက်စုဆောင်းထားသည့်ပစ္စည်းတွေထဲတွင်
ဒီထန်းခေါက်တောင်းအသစ်စက်စက်ကြီးတွေလည်းပါသည်။
ESTÁS LEYENDO
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့