“အဲဒါကြောင့်မို့ကျွန်တော်စုလေးကိုပြောင်းလဲပေးချင်တာပေါ့"
အောင်သီဟကထနောင်းသူ့အကွက်ထဲဝင်လာ
ပြီမို့အဓိကအကြောင်းအရာဆီကိုဦးတည်လိုက်
သည်။“ကျွန်တော်ကဘော့စ်ရဲ့လက်အောက်မှာအလုပ်မလုပ်တော့ဘူး။ဦးလေးရဲ့ကုမ္ပဏီကိုအမွေဆက်ခံတော့မှာ။နောက်ဆိုရင်နောင်းနောင်းကျွန်တော့်ကိုမြင်ချင်လို့တောင်မြင်ရမှာမဟုတ်ဘူး"
ထနောင်းမျက်ခုံးတို့မြင့်တက်သွားရသည်။မမြင်
ရရင်ပိုတောင်ကောင်းသေးတယ်လို့မပြောရုံတမယ်။“ကျွန်တော်စုလေးကိုချစ်ခဲ့မိပါတယ်။အဲဒီအတွက်စုလေးကိုလမ်းခွဲတဲ့အချိန်မှာစုလေးဘဝအရောင်တောက်နေတာကိုပဲကျွန်တော်မြင်ချင်တယ်။စုလေးအဆင်မှပြေပါ့မလားလို့စိတ်မပူချင်
ဘူး။သူ့ဘဝအတွက်စိတ်ချလက်ချစီစဉ်ပေးခဲ့ချင်တယ်။ဒါကြောင့်ကျွန်တော်သူ့အတွက်အချိန်
တစ်နှစ်ရင်းနှီးဖို့ဆုံးဖြတ်ထားတယ်။အဲဒီတစ်နှစ်အတွင်းမှာစုလေးကိုစာသင်ပေးချုင်တယ်။စုလေးကိုဆယ်တန်းစာမေးပွဲပြန်ဖြေခိုင်းချင်တယ်"အောင်သီဟစကားကိုနားထောင်ပြီးထနောင်း
တွေဝေနေမိသည်။တကယ်ကသူစဉ်းစားခန်းဝင်နေမိခြင်းပင်။အောင်သီဟပြောတဲ့စကားတွေကအကျိုးအကြောင်းသင့်လျော်ပေမဲ့ဆယ်တန်းကိုပြန်ဖြေခိုင်းဖို့ဆိုတာကြီးကကာယကံရှင်ရဲ့
ဆန္ဒကအဓိကဖြစ်နေသည်။အောင်သီဟကထ
နောင်းဘယ်လိုတုံ့ပြန်မလဲဆိုတာကိုစောင့်ဆိုင်းနေသည်။ထနောင်းက-“စုလေးကစာကိုစိတ်မဝင်စားဘူး"
“အဲတော့နောင်းနောင်းကလက်မခံချင်ဘူးလား"
“မင်းအချိန်ကုန်လူပန်းဖြစ်နေမှာစိုးလို့ပါ”
“တစ်ခါလောက်တော့ရင်းနှီးကြည့်ရမှာပေါ့"
“သူကစာနဲ့ပတ်သတ်လာရင်ဉာဏ်မကောင်းဘူးကွ”
“ဉာဏ်မကောင်းတာမဟုတ်ပါဘူး။စိတ်မဝင်စားတာပါ။ကိုရီးယားကားအပိုင်းတစ်ရာလောက်ကိုအစအဆုံးပြန်ပြောပြနိုင်တဲ့ကလေးကဉာဏ်မကောင်းတဲ့ကလေးလား။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့