Chapter 2 - U/Z

3.4K 313 2
                                    

unicode

လင်ရှန်းထောင်ကလွတ်မြောက်လာသောအခါတွင် သူမ စိတ်အခြေအနေကပိုဆိုးလာပီးစိတ်လွတ်ကာသားဖြစ်သူ လင်ရှောင်းချီကို သတ်ပစ်ခဲ့သည်။

ဟော်ချီကလင်ရှန်းကိုစိတ်ပျက်စွာစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက်ဆုံးတွင်စိတ်ကျန်းမာရေးဆေးရုံ မှာပဲသူမကိုယ်သူမသတ်သေခဲ့သည်။

သူမလက်ထောက်ရှောင်ယွမ်ကဝတ္ထုအဆုံးကိုတော်တော် စိတ်မကျေနပ်ဖြစ်ခဲ့သေးတယ်။ဘာလို့လဲဆိုတော့စာရေး ဆရာကလင်းရှောင်းချီအဖေအကြောင်းတစ်ချက်တောင် ဖော်ပြခဲ့ခြင်းမရှိလို့ဖြစ်သည်။အစထဲကဖော်ပြဖို့စိတ်ကူးရှိ ခဲ့ပုံမပေါ်ဘူး။

"နိုးပြီလား?" ဆက်စီကျတဲ့အသံကတံခါးအပြင်ကထွက် ပေါ်လာပီး..ထိုအသံကကြားရသူရဲ့နားထဲ၌ နှစ်ပေါင်း များစွာ သိမ်းဆည်းထားခဲ့သော ချိုမြိန်သော ဝိုင်တစ်မျိုးလို ခံစားရသည်။

လင်ရှန်းကို မော့ကြည့်လိုက်တော့ သူမမျက်လုံးတွေ ရုတ်တရက် တောက်ပသွားသည်။ အကောင်းဆုံး အရည်အသွေးပဲ...။

သူမရှေ့ခပ်မတ်မတ်ရပ်နေတဲ့လူကချောမောခန့်ငြားပြီး ထိပ်တန်းမော်ဒယ်တစ်ယောက်လိုထင်ရသည်။အသေး စိတ်ထွင်းထုထားသလိုမျက်နှာသွင်ပြင်ကယုတ္တိမရှိအောင် ထိဆွဲဆောင်နိုင်ပီးအေးစက်လျစ်လျူရှုတက်ပုံနဲ့နက်နဲ တည်ငြိမ်တဲ့ခံစားချက်ကိုခံစားရစေသည်။

သူ့အရှိန်အဝါကလဲအေးစက်မြင့်မြတ်နေပြီးသန်မာတည် ငြိမ်၊အထူးကိုကျက်သရေရှိကာသန့်ရှင်းတဲ့ပုံရိပ်ရှိသည်။ နက်နဲတောက်ပတဲ့မျက်ဝန်းများကလင်ရှန်းကိုစိတ်မရှည် သလိုကြည့်လာသည်။

"ရှင်က..?" လင်ရှန်းကစာအုပ်ကိုသေချာမဖတ်ထားခဲ့ဘဲ ရုတ်တရက်သူမရှေ့မှာဒီလိုရုပ်သွင်နဲ့လူပေါ်လာတော့ သူမမျက်ဝန်းတွေကတောက်ပသွားပြီး..

"ကျွန်မယောက်ျားလား?"

ဟော်ချီကအံကြိတ်ရင်းနှာခေါင်းရှုံ့ကာ.."ငါကနင့်အဖေ!"

လင်ရှန်းခဏလောက်ထိတ်လန့်သွားပြီးနောက်သူမက ရယ်စရာလိုလုပ်လိုက်သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now