ဟော်ရှောင်းကဟော်ချီကိုအတော်စိတ်တိုင်းမကျဖြစ်နေ ပြီး..ထမင်းစားပြီးလို့ဧည့်ခန်းမှာထိုင်တော့..သူလင်ရှန်းကိုဟော်မိသားစုအိမ်ကိုချက်ချင်းပြန်ခေါ်သွားချင်တယ်လို့ ပြောခဲ့တယ်။
ဟော်ချီကလင်ရှန်းကိုအချက်ပြသလိုကြည့်လိုက်၏။လင် ရှန်းကနားလည်စွာနဲ့ချိုသာစွာပြုံးရင်း..
"အဖိုး..လောလောဆယ်မသွားချင်သေးဘူး..သမီးတို့ခုမှ တွေ့တာဆိုတော့ပိုပြီးအေးအေးဆေးဆေးဒီမိသားစုလေး နဲ့ပဲနေချင်သေးတယ်။တခြားကိစ္စတွေကိုမတွေးချင်သေး ဘူး..နောက်ပြီး..သမီးဘယ်လောက်ပဲကြိုးစားပါစေသမီး ကဟော်မိသားစုကပါလို့သိထားကြရင်..ပရိတ်သတ်တွေကသမီးမိသားစုနောက်ခံကိုမှီခိုပြီးအောင်မြင်လာတာလို့ ပြောကြလိမ့်မယ်။နောက်ပြီးဟော်မိသားစုထဲကတခြားလူတွေအထင်လွဲမှာကိုလဲမလိုချင်ဘူး..သမီးအရင်ကြိုးစား ကြည့်ချင်သေးတယ်.."
သူမကပြောရင်းငိုချင်လာတယ်။သူမတကယ့်ကိုဟော်မိ သားစုကိုမမှီခိုချင်ဘူး။သူမအစွမ်းအစကိုအရင်ပြချင်တယ်။
သူမကဟော်မိသားစုရဲ့ချမ်းသာမှု..သူမအဖေရဲ့ထိပ်တန်း ကူညီပံ့ပိုးမှုတွေကြောင့်သာအနုပညာလောကမှာရပ်တည် နိုင်ခဲ့တယ်၊အောင်မြင်လာခဲ့တယ်လို့လူတွေပြောတာကို မခံချင်ဘူး။သူမအဖေရဲ့အနည်းငယ်ပံ့ပိုးမှုတော့လိုတာပေါ့လေ။အနုပညာအသိုင်းအဝိုင်းကနောက်ကွယ်မှာအင်အား တောင့် တင်းတဲ့နောက်ခံမရှိဘဲရပ်တည်လို့ရတဲ့နေရာ မဟုတ်ဘူးရပ်တည်နိုင်သူအချို့ရှိလိမ့်မယ်။သူတို့ကပါရမီရှင်တွေဖြစ် ချင်ဖြစ်မဟုတ်ရင်ကံအရမ်းကောင်းတဲ့လူတွေ မို့လို့ဖြစ်သည်။သူမကတော့ထမင်းဝိုင်းမှာထိုင်ထဲကအ သားဟင်းနဲ့စားခွင့်ရပြီးသားလိုလူမို့အားစိုက်ကြိုးစား ရင်အောင်မြင်မှုကသိပ်မဝေးနိုင်ဘူးလို့သူမယုံကြည် တယ်။
နောက်ပြီးသူမအဖေကိုယ်တိုင်စိတ်လိုလက်ရမဖော်ထုတ်ဘဲသူတို့ပတ်သတ်မှုကိုမထုတ်ဖော်ဘူးလို့သူမအဖေကို သူမကတိပေးထားတယ်။
"ဟုတ်တယ်အဖေ..ရှန်းရှန်းပြောတာမှန်တယ်။သူမကငယ် သေးတယ်။အခြေခိုင်မှုတစ်ခုလိုအပ်တယ်။သူမရဲ့ဘဝအ တွက်သူမကိုယ်တိုင်အတွေ့အကြုံရှာပါစေ။နောက်သူမ ဘက်ကအဆင်သင့်ဖြစ်မှမိသားစုဘက်ကသူ့ကိုလုပ်ပေး မယ့်ကိစ္စကိုထပ်စဉ်းစားကြတာပေါ့.."
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...