မသိလိုက်ဘဲပြုမူမိတာကိုသတိထားမိတော့ လင်ရှန်း က အနည်းငယ်တုန့်ဆိုင်းသွားကာမျက်နှာကနီမြန်းသွားကာ ခေါင်းအနည်းငယ်စောင်းရင်းချောင်းတစ်ချက်ဟန့်လိုက် သည်။
သူမရှေ့လူက..တတိယသခင်ကျွင်း!
တစ်မြို့လုံးအသေကြောက်တဲ့မျက်နှာအေးစက်စက်နဲ့ ဟေးဒီစ်ဖြစ်သည်။
မာနကြီးသော ကုရှန်းသည်ပင် သူ့ရှေ့တွင် နာခံမှုရှိသော တူတစ်ယောက်ဖြစ်လာခဲ့သည်။
ကျွင်းရှီရန်ကကိတ်မုန့်ကိုအနည်းငယ်စားလိုက်ကာမျက်ခုံး တွန့်သွား၏..သူ့ဘက်ကနေ..သူမရဲ့နီရဲနေတဲ့မျက်နှာမှာ နားရွက်များအထိပျံ့နှံ့သွားတာကိုမြင်နေရပြီးခပ်အန်းအန်း ဖြစ်နေတဲ့သူမကချစ်ဖို့ကောင်းသလိုအဲဒီနားရွက်လေး တွေက သူ့လည်ချောင်းကို ခြောက်သွားစေပြီး သူ့အကြည့် တွေကိုတခြားနေရာကိုချက်ချင်းပြောင်းလိုက်ကာဆွဲ ဆောင်မှုရှိတဲ့အသံနဲ့"အရသာရှိတယ်" ဟုပြောလိုက်၏
လင်ရှန်းကသူ့ရင်ဘတ်ကခပ်တိုးတိုးရယ်မောသံကိုကြား လိုက်မိသလိုတောင်ထင်မိလိုက်သည်။ဒါပေမယ့်သူမထပ် ကြောင်အပြီးမနေဘဲသဘာဝကျစွာပဲတတိယသခင်ကျွင်း ရဲ့မိန်းကလေးလိုပြုမူလိုက်ပီးသူ့ဘက်ကိုအပြုံးနဲ့ကြည့် ကာ.. "ဒါဆိုထပ်စားချင်သေးလား?"
ကျွင်းရှီရန်ကခေါင်းယမ်းရင်းဆွဲဆောင်မှုရှိတဲ့အသံအနည်း ငယ်တောင့်နေတဲ့အပြုံးဖြင့်"မင်းပဲစားပါ!"
သူမဘာစားစားအရသာရှိတယ်လို့ထင်ရစေတယ်။သူမရဲ့ စားသောက်ပုံကိုမြင်ရတိုင်းအရမ်းအရသာရှိတာကိုစားနေ တာပဲလို့ခံစားရစေပြီးသူ့ကိုပါစားချင်စိတ်ဖြစ်စေသည်။
ကျွင်းရှီရန်ကသူညစာစားပြီးပြီလို့ပြောခဲ့တာကြောင့်လက် စွမ်းပြဖို့ပြင်ထားတဲ့လင်ရှန်းကိုစိတ်ပျက်စေတယ်။သူမက နောက်တစ်ခါလဲညနေပိုင်းတွေ့ဖို့ပြောခဲ့ပီးသူမရဲ့ဟင်း ချက်လက်ရာကိုအကောင်းဆုံးလက်စွမ်းပြပြီးသူ့အတွက် ချက်ကျွေးမယ်လို့ပြောခဲ့တယ်။
လင်ရှန်းကဘယ်လိုအိပ်ပျော်သွားလဲမသိလိုက်ဘဲ..သူမ မျက်လုံးပြန်ဖွင့်တော့နောက်နေ့မနက်၂နာရီရှိနေပြီ။ ဒါက သူမကို စိုးရွံ့စွာခေါင်းကုတ်စေမိသည်။

YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...