Chapter 42-U/Z

1.9K 201 1
                                    

တုချင်းချင်းကမာနကြီးတယ်..ဒါပေမယ့်မာနကြီးနိုင်အောင် လဲအရည်အချင်းရှိတယ်။

ဘာပဲဖြစ်ဖြစ်သူမကလက်ရှိမှာအကျော်ကြားဆုံးသရုပ် ဆောင်ဖြစ်နေကာပရိတ်သတ်များစွာလဲရရှိထားသည်။ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပြီးကတည်း ကသူမကအနုပညာအသိုင်းအဝိုင်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

လင်ရှန်းစိတ်ထားကသိပ်မဆိုးဘူး။ဒါပေမယ့်တစ်ဘက်လူ ရဲ့သဘောထားပေါ်လိုက်ပြီးအရောင်ပြောင်းတက်တဲ့ရိုး ရှင်းတဲ့လူဖြစ်သည်။တစ်ဘက်လူကအေးစက်ပြတာနဲ့သူ မပြန်လျစ်လျူရှုတက်သူဖြစ်သည်။

တုချင်းချင်းကသူမပေါ်သဘောထားကောင်းရှိပုံမရှိဘူး။

"နှစ်ယောက်လုံးဒီမှာလား.."

မန်ရွှယ်လင်ကလျှောက်ဝင်လာပီး.. "အချင်းချင်းသိထား ပီးသားမဟုတ်လား? မိတ်ဆက်ပေးစရာမလိုဘူးမှတ်လား!"

လင်ရှန်းကပြုံးရင်း "အင်း..သိထားပြီးပါပြီ"

တုချင်းချင်းကသူမကိုနှုတ်ဆက်လိုက်သည်။

"အစ်မမန်.."

"နှစ်ယောက်လုံးကအစ်မနဲ့လက်တွဲထားတဲ့လူတွေပဲ။ ချင်းချင်း..နင်ကအနုပညာအသိုင်းအဝိုင်းမှာလက်ရှိထိပ် တန်းရောက်ပြီးအောင်မြင်နေပီ..နင့်အနေနဲ့လင်ရှန်းကို လက်တွဲခေါ်ဖို့မလိုပေမယ့်..နင်တို့နှစ်ယောက်အဆင်မ ပြေဘူးဆိုတာမီဒီယာတွေကပြောတာကိုလဲမကြားချင် ဘူး..." မန်ရွှယ်လင်ကတိုက်ရိုက်ပြောလိုက်ပြီးသွယ်ဝိုက် နေတာမျိုးမရှိဘူး။ သူမပြောလိုတာကိုသူတို့ဦးနှောက်ထဲ ဝင်သွားတဲ့အထိပြောလိုက်သည်။

"အစ်မမန်..နောက်နေတာလား..ကျွန်မ ရှန်းရှန်းကိုအများ ကြီးသဘောကျပါတယ်"

တုချင်းချင်းကသူမရဲ့စိတ်ထဲကအစစ်အမှန်တွေကိုဖုံးကွယ် ထားပီးမန်ရွှယ်လင်ကိုပြန်ပြောလိုက်သည်။ဒါပေမယ့်သူမ မျက်ဝန်းတွေကအေးစက်နေပြီးလက်ကမဂ္ဂဇင်းကိုတင်း ကျပ်စွာကိုင်ထားသည်။

တိုက်ခိုက်မှုလား?အများအမြင်မှာဘယ်လိုသူမပုံရိပ်ပျက် အောင်လုပ်မှာလဲ။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now