လင်ရှန်းကမန်ရွှယ်လင်ကားပြန်ထွက်သွားတော့မှအိမ်ပေါ် ပြန်တက်ဖို့ပြင်လိုက်တုန်း..သူမရှေ့မှာပုံရိပ်နှစ်ခုကိုတွေ့ လိုက်ရသည်။
လူကြီးကြီးနဲ့လူသေးသေး..သူကြီးကြီးကလူသေးသေးရဲ့ လက်ကိုဆွဲထားသည်။
အဲဒါသူမရဲ့ကပ်စီးနဲအဖေနဲ့ချစ်စရာကောင်းတဲ့သား မဟုတ်လား?
သူတို့လက်မှာဝက်အူချောင်းကိုယ်စီနဲ့..။
သူမကဒီမြင်ကွင်းကနှလုံးသားကိုနွေးထွေးစေတာမို့ဖုန်း ထုတ်ကာမှတ်တမ်းတင်ရိုက်ကူးလိုက်သည်။
ဟော်ချီဝက်အူချောင်းကအမှုမဲ့အမှတ်မဲ့မြေကြီးပေါ်ပြုတ် ကျသွားသည်။
လင်ရှောင်းချီ ကသူ့ကိုမေ့ကြည့်ကာ..
"အူချောင်းပြုတ်ကျသွားလို့ဝမ်းနည်းနေလား..?"
ဟော်ချီကမြေကြီးပေါ်ကဝက်အူချောင်းကိုကြည့်ရင်း..
"ဟင့်အင်း..ခဏနေရင်ခွေးတစ်ကောင်လာပီးစားသွားလိမ့် မယ်..ခွေးကျွေးတယ်လို့သဘောထားလိုက်တာပေါ့ကွာ.."
လင်ရှန်းကရပ်ချင်စိတ်ကိုထိန်းရင်းထိုနှစ်ယောက်နောက် ကခပ်ခွါခွါလိုက်ခဲ့သည်။ ရှောင်းချီကငယ်စဉ်ထဲကဖခင်မေ တ္တာငတ်ခဲ့သူဖြစ်တာကြောင့်ရုတ်တရ်ပေါ်လာတဲ့အဖိုးပေါ်ကို အင်မတန်ချစ်ခင်တွယ်တာနေသည်။
ဘာပဲဖြစ်ဖြစ်သူကအရမ်းငယ်သေးတာပဲ။
လင်ရှောင်းချီကဟော်ချီကိုသူ့ဝက်အူချောင်းကိုပေးလိုက် ရင်း.. "ဒါဆို..ဒါကိုစား.."
ဟော်ချီ ကသူ့ကိုကြည့်ရင်း..
"ငါယူစားရင်မင်းငိုမှာလား?"
လင်ရှောင်းချီကခေါင်းယမ်းရင်း..
"ဟင့်အင်း..ခွေးကျွေးလိုက်တယ်လို့သဘောထားလိုက် တာပေါ့..."
ဟော်ချီ သွေးအန်မတက်ဖြစ်သွားသည်။
လင်ရှန်းကရယ်ချင်စိတ်ကိုမထိန်းနိုင်စွာ..အဟွတ်..ဟွတ် နဲ့ချောင်းတွေဆိုးလိုက်မိသည်။
"မာမီ"
လင်ရှောင်းချီကနောက်လှည့်ကြည့်လိုက်တော့မျက်ဝန်း တွေကကြယ်တွေလိုတောက်ပသွားသည်။အဲဒိေ့နာက်သူကဟော်ချီကိုစွန့်လွှတ်ကာသူမကိုပြေးပြီးဖက်လိုက်ရင်း..

YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Ficção GeralBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...