Chapter 98: She Wanted Him To... Coax Her
"မင်းသောက်ပါ" ကျွင်းရှီရန်အစာအိမ်ကသိပ်မကောင်းဘူး
ရေခဲမုန့်စားလိုက်တာကိုကသူ့ကန့်သတ်ချက်ကိုရောက် နေတာပဲ။ ဒီလိုမျိုး သူ မသောက်နိုင်တော့ဘူး။
"ကျွန်မလဲအများကြီးမသောက်နိုင်ဘူး!" လင်ရှန်းကမျက် ခုံးတွန့်ကာအပြင်ကိုတစ်ချက်ကြည့်လိုက်သည်။
"တတိယသခင်..ကျွန်မတို့အများကြီးမသောက်နိုင်ဘူး ဆိုတော့တခြားဟာတွေကနှမြောစရာပဲ..တခြားလူကိုပေး လိုက်လို့ရမလား?"
ကျွင်းရှီရန်ကမြတ်နိုးစွာပြုံးလိုက်သည်။ကောင်မလေးက အရမ်းကိုစိတ်ထားကောင်းတယ်။
"အန်းရန်ကူသောက်ပေးလိမ့်မယ်"
လင်ရှန်း က အန်းရန်ကိုသောက်ချင်တဲ့တစ်ခွက်ယူစေ လိုက်သည်။ ကျန်တာတွေကိုတခြားလူတွေ ကိုဖြစ်ဖြစ် ဝေငှဖို့ဟိုဟိုဒီဒီလိုက်ကြည့်လိုက်သည်
ကားရပ်နားဝင်းနားကနဲ့ကပ်လျက်မှာဖူဆယ်ဘောလုံး ကွင်းအသေးတစ်ခုရှိပြီးမူလတန်းအရွယ်ကလေးငယ်တွေ ပျော်ရွှင်စွာဘောလုံးကန်နေသည်။သူတို့ကချွေးတလုံးလုံးနဲ့တက်ကြွပျော်ရွှင်နေကြသည်။
သူမကကားပေါ်ကပျော်ရွှင်စွာဆင်းပြီးအန်းရန်ကိုအအေး ခွက်တွေယူစေပြီးထိုနေရာကိုဦးတည်သွားလိုက်သည်။
ကျွင်းရှီရန်ကကားမှန်ကိုချရင်းကလေးတွေနဲ့ပျော်ရွှင်စွာ စကားပြောနေတဲ့မိန်းကလေးကိုကြည့်လိုက်သည်။
နေ့ခင်းဘက် နေက ပြင်းတယ်။
နေရောင်ခြည်ကအပေါ်ကသစ်ပင်ရဲ့အရွက်တွေကြားကအစက်အပျောက်လေးတွေဝင်ရောက်နေကာသူမရဲ့မျက်
နှာပေါ်တွင် ရောင်ပြန်ဟပ်နေသည်။သူမကမျက်နှာလေး ကအေးချမ်းတဲ့အပြုံးနဲ့မျက်ဝန်းတွေကပါလှိုက်လှဲစွာပြုံး နေပီးသူမကလူ့ပြည်ကိုဆင်းလာတဲ့နတ်သမီးနဲ့တူနေ၏
သူမရဲ့နက်မှောင်ရှည်လျားတဲ့မျက်တောင်များကိုပင် ရှင်း ရှင်းလင်းလင်း မြင်နေရပြီး နှာသီးဖျားမှ ချွေးများ စီးကျနေ ပီးအလွန်ချစ်ဖို့ကောင်းကာသူ့နှလုံးသားတွေ အရည်ပျော် သွားသည်။

YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Aktuelle LiteraturBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...