စုရှီရန်ကလင်ရှန်းကိုထိုင်ဖို့ကူညီပေးလိုက်ပီးသူမသားရဲ့ အသံကိုကြားတော့..သူ့ကိုလက်ညိုးထိုးရင်းအော်လိုက်၏
"နင်ဘာလို့ဒီလောက်အော်နေတာလဲ?နင့်အမေကိုလန့် အောင်လုပ်နေတာလား..ရှန်းရှန်းလန့်သွာအုန်းမယ်.."
ပြောပီးမှသူမကခဏကြောင်အသွားကာသူမသားပြောတဲ့ စကားကိုစဉ်းစားမိရင်းသူမရဲ့လှပတဲ့မျက်ဝန်းတွေကပြူး ကျယ်သွားကာအသံတုန်တုန်နဲ့ပြန်မေးလိုက်သည်။
"ဘာ..ဘာပြောလိုက်တာလဲ?ရှန်းရှန်းကဘယ်သူလဲ?"
"အမေ့ရဲ့မြေးအရင်း!"
ဟော်ချီကပေါ့ပါးစွာပြောလိုက်ပီးမပြုံးချင်ပြုံးချင်နဲ့ပြုံးကာ.
"အမေ..ဒါမကောင်းဘူးလား..အမေကအမြဲမြေးလိုချင်နေတာ..အခုမြေးတင်မကဘူး..မြစ်တောင်ရထားပြီးပြီ..ဘယ်လိုလဲအံ့သြဖို့မကောင်းဘူးလား"
သူမအံ့သြသွားလား? အံ့သြသွားစေတာလား?
စုရှီရန်အမြင်ကအနည်းငယ်ပြာသွားကာခန္ဓာကိုယ်ကယိမ်း ယိုင်သွားသည်။
ဟော်ချီရဲ့ချောမောတဲ့မျက်နှာကချက်ခြင်းဖြူဆုတ်သွားပြီး အမြန်ပြေးကာသူမကိုဖမ်းထိန်းပေးထားလိုက်ပြီး..
"အမေ..အပျော်လွန်တာတော့ရပါတယ်..ဒါပေမယ့်မေ့လဲ မသွားပါနဲ့..အဖေကျွန်တော့်ကိုအရေခွံဆုတ်လိမ့်မယ်"
"နင်ဒါတော့သိသေးတယ်နော်..!"
စုရှီရန်ကဒေါသထွက်ရမလားအံ့သြရမလားထိတ်လန့်ရ မလားမသိဘူး။
"နင်ဘာပြောနေတာလဲနင်သိရဲ့လား? ရှန်းရှန်း.. ရှန်းရှန်းက....."
"ဟုတ်တယ်..သူမကအမေ့မြေး..အမေအရမ်းတောင့်တ နေတဲ့အကြီးဆုံးမြေးမ.." ဟော်ချီကအံကြိတ်ရင်းပြော လိုက်သည်။
သူအရမ်းကိုခံစားချက်ကောင်းသလိုခံစားနေမိတယ်။
ထိတ်လန့်အံ့သြသွားရတာသူတစ်ယောက်ထဲမဟုတ် တော့ဘူး။
အဲဒိ့ငနဲမသူ့ကိုလာရှာတုန်းကသူသေမတက်လန့်သွားခဲ့ တာ!
သူတို့ကဆိုဖာမှာထိုင်လိုက်သည်။
![](https://img.wattpad.com/cover/307213848-288-k357079.jpg)
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...