Chapter 87 - U/Z

1.8K 190 4
                                    

Weibo မှာ လူတိုင်းကကျယ်လောင်တဲ့ဆွေးနွေးမှုတွေ ထပ်ဖြစ်လာသည်။

နှစ်တစ်သောင်းဇာတ်ပို့ရှန်ကျားရန်ကခေါင်းဆောင်မင်း သမီးကိုအန္တရာယ်ပြုပြီးတက်သစ်သရုပ်ဆောင်ကိုချောက် ချခဲ့တဲ့သတင်းကမီဒီယာတိုင်းရဲ့ခေါင်းစီးမှာဗားရှင်းမျိုးစုံ နဲ့နေရာယူခဲ့သည်။

#သရုပ်ဆောင်ရှန်ကျားရန်ကဖန်ကွဲစတွေလုပ်ခဲ့တာကို တွေ့ခဲ့ရတယ်..သူမကလော့ရှင်းကိုဒဏ်ရာရစေခဲ့ပီး.. လင်ရှန်းကိုချောက်ချခဲ့တယ်လို့သံသယဖြစ်စရာရှိ#

[ကျောက်တစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်ခဲ့တယ်။ သူမက တကယ်ကို အထင်ကြီးစရာပါ။ သူမကတော့ တကယ်ကို အကောင်းဆုံး ဇာတ်ပို့မင်းသမီးပါ။ သူမရဲ့ အရည်အချင်းတွေက တကယ့်ကို အထင်ကြီးစရာပဲ]

[ဆိုးယုတ်တဲ့မိန်းမ..ငရဲသွားလိုက်တော့!]

[Tsk tsk... လင်ရှန်းကစွပ်စွဲခံရတာသနားပါတယ်..သူမ ကကြားထဲကတန်ဆာခံဖြစ်ရတယ်.. Chilies တွေသေ နေပြီလား..@လော့ရှင်း ထွက်လာပီးလာတောင်းပန်ဖို့ သတိမရကြတော့ဘူးလား!]

[ဒါက အနုပညာအသိုင်းအဝိုင်းသမိုင်းမှာ အကြီးမားဆုံး အမှိုက်တစ်စပါပဲ။ တကယ်ကို အံသြဖို့ကောင်းပါတယ်။]

[+1 ..ရှန်ကျားရန်လိုလူကိုသေတဲ့အထိရိုက်နှက်ရန် ကျွန်ုပ် တို့အကြံပြုအပ်ပါသည်။]

[ဖန်ကွဲစတွေရှိနေတာဘာမှားနေလို့လဲ?အဲဒါလောက်နဲ့ သူမလုပ်တာဖြစ်ရောလား? ကမ္ဘာပေါ်မှာအဲလိုဖန်ကွဲစတွေ စုတဲ့လူတွေမှအများကြီး..သူတို့အားလုံးကလူသတ်သမား ဖြစ်သွားရောလား?]

[ ..ချီးစားပြီးကြီးတာလား..?]

[+10,086 ..ငါ့ကျားရန်လေးကိုယုံတယ်။အလှလေးစိတ် အေးအေးထားပြီးစောင့်နေ။လူဆိုးတွေကိုပျော်ခွင့်မပေးနဲ့ ကျားရန်လေးကစွပ်စွဲခံရတာပဲ..သူမရှင်းပြတာကိုစောင့် နေကြ..သူမမလုပ်ဘူးလို့ငါယုံတယ်]

[+ညီမလေး..နင်နဲ့နင့်ပရိသတ်တွေက အဆိပ်သင့်တယ်။ သက်သေကခိုင်မာနေတာကို..နင်တို့ကန်းနေလား? ဦးနှောက်ရှိတာကောင်းတဲ့အရာပဲ..နင်နဲ့ တခြားနင့်ရဲ့ ချစ်စရာကောင်းတဲ့ ညီမလေးတွေ တစ်ယောက်စီ ရှိမယ် လို့ မျှော်လင့်ပါတယ်။]

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now