"လင်ရှန်းဘယ်မှာလဲ?" ဟော်ချီကွေ့ဝိုက်ပြောနေဖို့အချိန် မရှိဘူး။ လူသတ်လိုတဲ့အငွေ့အသက်နှင့် အအေးဓာတ်က သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသည်။
ထိုမြင်ကွင်းကအန်းရန်ကိုဆံပင်တွေထောင်သွားမတက် လန့်သွားစေသည်။ဟော်ချီကလင်ရှန်းအတွက်လာခဲ့မယ် လို့သူမထင်ထားဘူး.."ဆဌမသခင်..ဘာကိုဆိုလိုတာလဲ?"
"ငါမင်းဆရာကိုလာရှာတာ..."
ဟော်ချီကအန်းရန်ကိုခြေထောက်နဲ့ကန်လိုက်ပြီး..
"ကျွင်းရှီရန်ခွေးကငါ့လမ်းကိုလာပိတ်ရဲတာလား!"
အန်းရန်ကရှောင်လိုက်ပီးစူးရဲစွာပြန်စိုက်ကြည့်ရင်း..
"ဆဌမသခင်အဲလိုဆက်လုပ်နေမယ်ဆိုရင်ကျွန်တော်ကို မယဉ်ကျေးဘူးလို့မပြောနဲ့"
"မယဉ်ကျေးဘူး?" ဟော်ချီနှုတ်ခမ်းကအေးစက်စွာကွေး သွားပြီမျက်ဝန်းတွေကပိုအေးစက်နက်မှောင်လာကာ..
"ရိုက်စမ်းကွာ..!"
သူ့အမိန့်ကိုကြားတာနဲ့ကျိုမင်နဲ့ကရှေ့ကိုတက်လာပီး အန်းရန်ကိုတိုက်ခိုက်လိုက်သည်။ခဏချင်းမှာပဲနှစ်ဘက်လုံးရဲ့တိုက်ခိုက်မှုနဲ့ပြင်းထန်တဲ့ရန်ပွဲတစ်ခုစတင်ခဲ့သည်။
ရှုပ်ထွေးနေတဲ့လူတွေကြားမှာဟော်ချီကဘေးကမီးသတ် ပစ္စည်းထည့်တဲ့မှန်ကိုခွဲကာမီးသတ်ဆေးဘူးကိုယူထုတ် လိုက်ပီးတံခါးလက်ကိုင်ကိုမီးသတ်ဆေးဘူးနဲ့ရိုက်ကာ အော်လိုက်သည်။
"တတိယကျွင်း..မင်းဒီစောက်တံခါးကိုလာဖွင့်ပေးစမ်း"
အန်းရန်ကကျိုမင်နဲ့တိုက်ခိုက်နေပီးလက်ရည်တူဖြစ်နေကာအာရုံမလွဲဝံ့ဘူး။ဒါပေမယ့်..ဟော်ချီ တံခါးကို အရူးလို ရိုက်ချိုးနေတာကို မြင်တော့လူတွေပိုခေါ်မလာမိတဲ့သူ့ ကိုယ်သူ မုန်းတီးမိသည်။ သူအစွမ်းအစမရှိသဖြင့်ဒုက္ခပေး သူများကို..တတိယသခင်ရှေ့ကိုရောက်စေခဲ့တယ်။
တံခါးကရုတ်တရက်ပွင့်သွားသည်။
"ဘယ်ကခွေးရူးရောက်နေတာလဲ?"
ကျွင်းရှီရန်ရဲ့အေးစက်တဲ့အသံမှာလှောင်ပြောင်မှုတွေပါဝင် နေသည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...