ဟော်ရှောင်းကဟော်ချီကိုတုတ်ကောက်နဲ့ချိန်ထားရင်း
"ကျွင်းရှီရန်ကဘာဖြစ်လဲ? ရှန်းရှန်းပြောတာမှန်တယ်.. သူကမင်းထက်အဆတစ်ထောင်လောက်သန်မာတယ်!"
လင်ရှန်းလှည့်ကြည့်တော့အရပ်မြင့်မြင့်သန်မာထွားကြိုင်း တဲ့အဖိုးအိုကိုတွေ့လိုက်ရပြီးသူကဟော်ချီကိုအားမာန်အ ပြည့်နဲ့ဆူပူနေသည်။
သူမရဲ့အေးစက်နေတဲ့မျက်နှာကချက်ခြင်းပြောင်းလဲသွား ပြီးပန်းပွင့်လေးလိုပြုံးသွားကာ..
"Hi..အဖိုး."
ဟော်ချီကရုတ်တရက်ရောက်လာတဲ့အဖိုးအိုကြောင့်ခဏ ကြောင်အန်းနေပြီးတော့မှ.."အဖေ..ကျွန်တော်သူ့ကိုသင် ခန်းစာပေးနေတာ..ဘာလို့လာဆူနေတာလဲ?"
"သင်ခန်းစာပေးတယ်?မင်းကဘယ်လောက်ကောင်းတဲ့ လူမို့တခြားလူကိုသင်ခန်းစာပေးရမှာလဲ?" ဟော်ရှောင်း ကသူ့ဖိနပ်ကိုချွတ်ပြီးဟော်ချီကိုကောက်ပေါက်လိုက်၏
ဟော်ချီကလျှပ်စီးလိုအမြန်ရှောင်လိုက်ပီး "အဖေ..စကား နဲ့ပြောပါ..အဲလိုတွေမလုပ်ပါနဲ့"
သူက လူကြီးဖြစ်နေပြီ။ သူ့သိက္ခာကိုထောက်ထားပေးပါ အုန်းလား။
အဲလိုတွေသူတို့ဝင်ပါနေရင်..သူနောက်ကအဲဒိ့ငနဲမကို ဘယ်လိုဆိုဆုံးမလို့ရပါတော့မလဲ?
"ရှောင်ရဲတာလား?" ဟော်ရှောင်း ကဒေါသပိုထွက်လာပြီး တုတ်ကောက်နဲ့လိုက်ရိုက်တော့သည်။
"ငါမင်းကိုငါ့လိမ္မာတဲ့မြေးလေးကိုဆူခိုင်းမယ်ထင်လား..ငါ့ မြေးကိုအနိုင်ကျင့်လို့ရမယ်ထင်လား..?မင်းကလူကြီးဖြစ် နေပြီ..အဖေတစ်ယောက်ဖြစ်နေပြီဆိုတာရောနားလည်ရဲ့ လား?ကိုယ့်သမီးကိုပါးစပ်နဲ့ကောင်းကောင်းပြောပါလား?"
ဟော်ချီကဟိုပြေးဒီပြေးနေပြီးဖိနပ်မပါတဲ့အဖိုးကသူ့ကို လိုက်ရိုက်နေတဲ့မြင်ကွင်းကိုကြည့်ပြီးလင်ရှန်းရယ်ချင်စိတ် ကိုမနည်းထိန်းထားရတယ်။
"အဲဒါအဖေ့ဆီကသင်တားထာ..အခုပဲကြည့်ပါလား! အဖေရဲ့ဒီပုံစံကိုသားကအတုယူရမှာလား?"
ဟော်ချီကအံကြိတ်ရင်းလိုက်ရှောင်နေရင်းကလင်ရှန်းကို ဒေါသနဲ့လက်ညိုးထိုးရင်း.."သူမသာမိန်းကလေးမဟုတ် နေဘူးဆိုရင်..."

YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...