ချက်ပြုတ်ပြီးပေမယ့်သူမကထွက်သွားမယ့်ရည်ရွယ်ချက် ရှိပုံမရဘူး။
လင်ရှန်းကဒီအိမ်တော်ထိန်းရဲ့အပြုအမူနှင့် အမူအရာမှာ အနည်းငယ် ထူးဆန်းတယ်လို့ထင်မိသည်။သူမက ဟော်ချီဘဝကိုစုံစမ်းချင်တဲ့သူ့ရဲ့ရူးသွပ်တဲ့ပရိတ်သတ်များလား?
ဒါပေမယ့်...
သူမကဟော်ချီပရိတ်သတ်ဖြစ်ဖို့အနည်းငယ်အသက်ကြီး နေတယ်မဟုတ်လား!
"အန်တီကျွန်မတို့နဲ့အတူစားပါလား?"
လင်ရှန်းကသူမကိုတစ်စေ့တစ်စောင်းအကဲခတ်ရင်းပြော လိုက်သည်။အိမ်တော်ထိန်းကပြန်ရမလိုမပြန်ချင်သလိုနဲ့ အနည်းငယ်အကျပ်အတည်းဖြစ်နေပုံပေါ်တယ်။
"အင်း..!" စုရှီရန်ကသူမခေါ်တာကိုစောင့်နေတာ။သူမအ သံကနူးညံ့နေပြီးရှက်ရွံ့နေသလိုနဲ့ "ဒုက္ခများစေမိပြီ.."
လင်ရှန်းကတွန့်ဆုတ်ခြင်းမရှိချက်ခြင်းလက်ခံလိုက်တဲ့အ မျိုးသမီးကြီးကိုကြည့်ပီးအနည်းငယ်စိတ်အနှောက်အယှက် ဖြစ်သွားသည်။
ဒါကယဉ်ကျေးမှုအရခေါ်တယ်ဆိုတာသူမမသိဘူးလား?
နောက်ပီးဒီအမျိုးသမီးကြီးရဲ့စပ်စုချင်စိတ်နဲ့ သူမရဲ့တင့် တယ်ကျက်သရေရှိတဲ့ရုပ်ရည်ကအိမ်တော်ထိန်းလုပ်တဲ့လူ တွေနဲ့ဘာမှမဆိုင်ဘူး။ သူမအဖေကဒီလိုလူကိုဘယ်လို များရှာခဲ့တာလဲ။
စားနေရင်းကလင်ရှန်းကမေးခွန်းများစွာကိုဆက်တိုက် တွေးနေခဲ့တယ်။
တစ်ဘက်လူရဲ့စိတ်ကျဉ်းကျပ်မှုကိုခံစားမိပုံနဲ့ စုရှီရန်က သူမဘက်ကအနည်းငယ်ပြုံးရင်း.."ရှန်းရှန်း..အန်တီ့မိသား စုကအဆင်ပြေပါတယ်။အန်တီ့သားကလဲအန်တီ့ကိုချစ်ပါ တယ်။အသက်ကြီးလာတဲ့လူတွေကဒီတိုင်းအားနေတာ ထက်တစ်ခုခုလုပ်သင့်တယ်မဟုတ်လား။အန်တီကချက် ပြုတ်ရတာကိုသဘောကျလို့လာလုပ်တာပါ။ဟော်ချီရဲ့ အိမ်ကအန်တီလုပ်နေကျပါ။အန်တီရှုကအန်တီနဲ့ အန်တီ့ယောက်ျားနေရပ်ကိုခဏသွားလည်နေတုန်းအစား လာလုပ်ပေးတာပါ.."
သူမအပြုံးကို ကြည့်ရင်းလင်ရှန်းနှလုံးသားတွေကပိုမိုနူးညံ့ ပျော့ပြောင်းလာသည်။ သူမအပြုံးကမှော်ဆန်သလိုပဲ။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...