လင်ရှန်းကသူ့ကိုမျက်စောင်းထိုးကာအသံတိုးတိုးနဲ့ငို တော့မလိုဆက်ပြောလိုက်သည်။
"ငါ့ကိတ်မုန့်နဲ့ ဒိုးနပ်တွေ... အားလုံး ပျက်စီးကုန်ပြီ"
"ကျွန်တော်မန်နေဂျာကိုအကုန်ပြန်ဝယ်ခိုင်း..."
ကုရှန်းပြောလို့မဆုံးသေးခင်တင်းမာတဲ့သူ့ဦးလေးရဲ့ အကြည့်ကသူ့ဆီရောက်လာတော့..စိတ်ပြောင်းသွားကာ
"ငါကိုယ်တိုင်သွားဝယ်ပြီးလာပို့ပေးမယ်.."
လင်ရှန်းကချက်ခြင်းပြုံးသွားသည်။သူမကခါးကိုင်းရင်း.. နက်ကတိုင်ကိုကျွင်းရှီရန်လည်ပင်းနားမှာကပ်လိုက်ပီး စိတ်ကျေနပ်စွာပြောလိုက်သည်။
"ရှင်နဲ့လိုက်သားပဲ..."
အဲဒါဒေါ်လာ၂သောင်းခွဲပေးရတယ်!
ဒါသူမရဲ့အကောင်းဆုံးသရုပ်ဆောင်ကပ်စီးနဲအဖေကို ဖားဖို့ဝယ်လာတာ!
သူမကကုရှန်းကိုသတ်ချင်သလိုကြည့်လိုက်သည်။ဒါအဲဒိ့ ကောင်စုတ်ကြောင့်..သူ့ကြောင့်ပိုက်ဆံထပ်ကုန်ရတော့ မယ်။
ကျွင်းရှီရန်ကကုရှန်းကိုကြည့်ရင်းလေးနက်တဲ့အသံနဲ့ပြောလိုက်သည်။
"မြန်မြန်သွားမဝယ်သေးဘူးလား!"
ကုရှန်းကချက်ခြင်းပဲအမြန်လှုပ်ရှားလိုက်ကာဓါတ်လှေ ကားဆီကိုခြေလှမ်းကျဲများနဲ့ထွက်သွားသည်။ဓါတ်လှေ ကားတံခါးမပိတ်ခင်..လင်ရှန်းကခါးကိုင်းသာသူ့ဦးလေးနဲ့ ပျော်ရွှင်စွာစကားပြောနေတာကိုတွေ့လိုက်ရသေးသည်။
သူ့ရင်ထဲသံသယတွေအများကြီးပဲ။
ဒါကဘယ်လိုဖြစ်နိုင်မှာလဲ?
တတိယဦးလေးလောက်ထူးချွန်တဲ့သူက..လင်ရှန်းလိုမိန်းမကိုဘယ်လိုကြိုက်နိုင်မှာလဲ။
သို့သော်ထိုမိန်းမကတတိယဦးလေးရှေ့မှာအရမ်းကိုဟန် ဆောင်ကောင်းစွာနေနေလို့လဲဖြစ်နိုင်တယ်။
အဲဒိ့ရုပ်ဝတ္တုပစ္စည်းလောက်ပဲမက်မောတဲ့မိန်းမရဲ့မျက်နှာ အစစ်အမှန်ကိုနဲ့ပိုက်ဆံကြောင့်ဒီလိုလုပ်နေတာကိုတတိယဦးလေးကိုပိုနားလည်အောင်လုပ်ရမယ်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Ficción GeneralBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...