လင်ရှန်းကဆေးရုံကိုအမြန်လိုက်သွားလိုက်၏
စုရှီရန်ကမျက်လုံးနီရဲကာ ကုတင်ဘေးတွင် ထိုင်နေသည်။
လင်ရှောင်းချီမျက်နှာနဲ့လည်ပင်းကနီရဲနေတဲ့အဖုအထစ် များဖြင့် ဖုံးလွှမ်းနေကာသူကနာကျင်နေတဲ့ပုံနဲ့အိပ်နေရင်း ကမျက်ခုံးလေးတွေတွန့်တွန့်သွားသည်။
လင်ရှန်းနှလုံးသားကိုတစ်စုံတစ်ဦးမှ ဓားဖြင့်ထိုးလိုက်သ လိုခံစားရပြီးသူမမျက်ဝန်းတွေချက်ချင်းပင် နီရဲလာသည်။
"အဘွားဘာဖြစ်တာလဲ"
အလာ့ဂျစ်(ဓါတ်မတည့်မှု)..သရက်သီးအလာ့ဂျစ်..
နေ့လည်ကလင်ရှောင်းချီကမူကြိုမှာသရက်သီးကိတ်မုန့်ကိုစားခဲ့တယ်။
"ကလေးကသရက်သီးနဲ့မတည့်ဘူး..အရင်ကသမီးဓါတ်မတည့်တာတွေကိုစစ်ဘူးလား?" စုရှီရန်အသံကရှတနေပြီး ရင်နာနေသလိုဖြစ်နေသည်။
"ဟင့်အင်း" လင်ရှန်းတကယ်မသိဘူး!
စုရှီရန်သိတယ်..သူတို့သားအမိဘယ်လောက်တောင်ခင်တွယ်တယ်ဆိုတာ။
အစကသူမ ရှန်းရှန်းစိတ်ပူပြီးရင်နာရမှာစိုးလို့သူမကိုမခေါ် ဘဲနေမလို့ပဲ..ဒါပေမယ့်ရှောင်းချီက "မာမီ" လို့ယောင် ယောင်နေတာမို့သူမခေါ်လိုက်တာ။
"မာမီ!"
အိပ်နေတဲ့ကလေးကထပ်ယောင်လိုက်သည်။
လင်ရှန်းကလေးမျက်နှာကိုထိပြီးသူ့ကိုဖက်ထားချင်တယ် ဒါပေမယ့်ဘယ်ကစကိုင်ရမှန်းမသိဘးသူမနှလုံးသားကို ဆုပ်ညှစ်ထားသလိုနာကျင်နေသည်။
"ရှောင်းချီ..မာမီရှိတယ်..အိပ်လိုက်အုန်း!"
သူမရောက်လာတာကိုခံစားမိသလိုရှောင်ချီကချက်ခြင်း မျက်လုံးပွင့်လာပီးအသံသေးသေးလေးနဲ့ပြောလိုက်၏
"မာမီ..ရှောင်းချီ..ကောင်းသွားပါပြီ..."
"အင်း..ရှောင်းချီကောင်းသွားပြီ..." လင်ရှန်းကသူ့ခေါင်း ပွပွလေးကိုဖွဖွပွတ်ပေးလိုက်သည်။
သူကဘာလို့ဒီလောက်လိမ္မာနေတာလဲ?
သူအရမ်းသိတက်လွန်းတာကတခြားလူကိုရင်နာစေတယ်
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...