ဟော်ချီကအရက်မူးနေတဲ့အမျိုးသမီးေတွကဆက်ဆံရခက် မယ်မှန်း မသိခဲ့ပါဘူး။
"ဟော်ချီ..အမှိုက်ကောင်အဖိုးကြီး..."
လင်ရှန်းကသူ့ခြေထောက်ကိုပွေ့ဖက်ရင်းနှုတ်ခမ်းဆူဆူနဲ့ သူ့ကိုဆူပူရင်းသူမကပဲမျက်ရည်များစွာကျကာငိုနေ၏
"ဘာလို့ငါ့ကိုသဘောမကျတာလဲ?ငါကသိပ်မလှပေမယ့် ချစ်စရာကောင်းတယ်၊နူးညံ့တယ်၊သိမ်မွေ့ပြီးကျက်သရေ ရှိတယ်။ပါးနပ်လိမ္မာပီးမိန်းမဆန်တယ်။တွေးတောပေး တက်ပြီးထက်မြက်တာကို.."
ဟော်ချီမျက်နှာကအေးစက်နေပြီးအံကြိတ်ကာသူမနှာဖူးကိုလက်ညိုးနဲ့ထိုးကာဖယ်လိုက်ရင်း.. "ထတော့..!အခု နင့်ပုံစံကဘယ်လိုမျိုးဖြစ်နေလဲသိလား?"
"ဘာလို့ကျွန်မနဲ့ရှောင်းချီကိုသဘောမကျတာလဲ?ကျွန်မ ကအဖေ့သမီးပါ!" လင်ရှန်း ပိုပို၍ ဝမ်းနည်းလာပြီးငိုသံက ပိုပိုကျယ်လာသည်။လက်ရှိသူမရဲ့လှပလွန်းတဲ့မျက်နှာနဲ့ ဝမ်းနည်းကြေကွဲနေတဲ့အကြည့်ကတခြားလူကိုပါနာကျင် ကြေကွဲစေနိုင်သည်။
သူနဲ့ဆိုတော်သေးတယ်..ဒါပေမယ့်တခြားကောင်တွေရှေ့မှာ ဒီလိုပုံစံရှိမယ်ဆိုရင် သူတို့ထဲက ဘယ်နှစ်ယောက်ကသူတို့ရဲ့ဆန္ဒကို ထိန်းနိုင်မလဲ။
သူမကကျွင်းရှီရန်နဲ့အချိန်ဖြုန်းခဲ့တာကိုသူကခုမှရုတ်တ ရက်သတိရမိတော့ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ထစမ်း.."
သူမအမူအယာကချက်ခြင်းပြောင်းလဲသွားသည်။
"သမီးကိုမအော်နဲ့..."
လင်ရှန်းမျက်နှာပေါ်မှာချက်ချင်းမျက်ရည်များစီးကျလာ ကာ သူမငိုရှိုက်ရင်းဒုတိယအချီဝမ်းနည်းပူဆွေးမှုတိုးလာ သည်။ သူမကနီမြန်းတဲ့မျက်လုံးကြီးများနဲ့ နှုတ်ခမ်းကို ကိုက်ကာသူ့ကိုပြန်အော်လိုက်သည်။
"အဖေကသမီးကိုသဘောမကျဘူး!ဒီလောက်နှင်ထုတ်ချင် နေလဲသွားမယ်..သမီးနဲ့ရှောင်းချီအဖေ့ဆီကထွက်သွား မယ်"
ဟော်ချီ "ငါ..ရိုက်သတ်ချင်လာပီ!"
"သွား..ထွက်သွား..မြန်မြန်ထွက်သွား..နင်တို့နဲ့ဝေးလေ ကောင်းလေပဲ..."

YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...