အရင်တုန်းကသူမကသူမရဲ့ဆိုးဝါးတဲ့အတိတ်အကြောင်းကိုဟော်ချီသိမှာစိုးရိမ်လို့အတက်နိုင်ဆုံးဖုံးဖိခဲ့တယ်။ဒါပေ မယ့်ဟော်ကုမ္ပဏီဝင်ခဲ့ပေမယ့်..သူက..သူမကို တစ်ခါမျှ မျက်လုံးထဲ မမြင်ဖူးပေ။
အဲဒိ့တော့သူသိလဲဘာဖြစ်လဲ?
ဘာပြသနာမှမရှိဘူး!
အနုပညာအသိုင်းအဝိုင်းမှာရပ်တည်နိုင်ဖို့လူတိုင်းရုန်းကန် ခဲ့ကြတာပဲ။ဒီတော့သူမကအနုပညာအသိုင်းအဝိုင်းမှာလူ ဝင်ဆံ့လာစေဖို့စပွန်ဆာမရှိဘဲမဖြစ်နိုင်ဘူးဆိုတာလူတိုင်း တွေးမိပြီးသားမဟုတ်လား။သူမနာမည်အသင့်တင့်ရလာ တော့မှဟော်စတူဒီယိုနဲ့စာချုပ်ချုပ်ခွင့်ရခဲ့တာ။
"သူမကိုလွှတ်လိုက်"
ဟော်ချီကလမ်းမှာရပ်ရင်းသူတို့ကိုပြန်ကြည့်ကာပြော လိုက်သည်။
"တတိယသခင်..ဒါသူမနဲ့ကျွန်တော့်ကြားကိစ္စပါ.."
ရှုချင်ကပြုံးလိုက်ပြီး "ဆဌမသခင်ကနားလည်ပေးပြီးကျွန် တော့်ကိုမျက်နှာသာပေးဖို့မျှော်လင့်ပါတယ်"
"ငါကမင်းကိုမျက်နှာသာမပေးတော့ဘာလုပ်ချင်လဲ?"
ဟော်ချီ နှုတ်ခမ်းများကအေးစက်စွာကွေးသွားကာသူ့.. မျက်လုံးများအန္တရာယ်အငွေ့အသက်တွေတောက်ပနေ၏
"ဆဌမသခင်..ဒီခွေးမကိုမျက်စိကျနေတာတော့မဟုတ်ဘူး မဟုတ်လား!"
ဟော်ချီကမျက်ခုံးပင့်ကာတုန့်ဆိုင်းခြင်းမရှိသူတို့နားကို လျှောက်သွားလိုက်ပီးတုချင်းချင်းကိုဆွဲထုတ်လိုက်ကာ.. ရှုချင်ကိုကန်ထုတ်လိုက်သည်။
ရှုချင်ကခုလိုစပြီးတိုက်ခိုက်ခံရမယ်လို့မထင်ထားမိဘူး။ ဘန်းခနဲကန်ချက်နဲ့အတူနောက်ကိုဆုတ်သွားပီးကျောက် လှေကားဆီကိုလိမ့်ဆင်းသွားကာနာကျင်မှုနဲ့အော်ဟစ် လိုက်သည်။
သူ့ရှေ့ကလူကိုကြည့်တော့ထိုလူကလက်သီးတွေဆုပ် ထားရင်းသူ့ဆီဦးတည်လာပီးမျက်လုံးတွေနီမြန်းနေကာ လူသတ်ချင်စိတ်တွေအပြည်နဲ့ဖြစ်နေသည်။သူကခန္ဓာ ကိုယ်ကိုအတက်နိုင်ဆုံးကွေးထားရင်းတောင်းပန်လိုက် သည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...