Chapter 91 - U/Z

1.6K 158 1
                                    

လင်ရှန်းကမိတ်ကပ်ဖျက်အဝတ်စားလဲကာဝမ်ရှီနဲ့တခြားလူတွေကိုနှှုတ်ဆက်လိုက်သည်။ကိစ္စများစွာဖြစ်သွားပြီး နောက်မှာသူမကသူတို့လုပ်ပေးမယ့်ပွဲကိုတက်မှာလဲမ ဟုတ်တာကြောင့်ဧည့်ခံပွဲလဲမရှိဘူး။နောက်ပီးဇာတ်ကားပွဲ တွေလဲတက်ဖို့သူမမှာအစီအစဉ်မရှိဘူး။ ဇာတ်ကားကို မြှင့်တင်တဲ့အချိန်တွေမှာအဓိကသရုပ်ဆောင်တွေကပဲ လိုအပ်တာတွေလုပ်လိမ့်မယ်။

"ရှန်းရှန်း..ဒီအတောတွင်းကအချိန်တွေမှာပင်ပန်းခဲ့ရ တယ်..." ဝမ်ရှီကတုန့်ဆိုင်းစွာပြောလိုက်သည်။သူမ လုံးဝအပြီးထွက်သွားမယ်ဆိုတော့သူစိတ်ထဲတွေဝေမိ တယ်။

"ဒါရိုက်တာဝမ်ဒါကကျွန်မလုပ်ပေးရမယ့်အလုပ်ပဲ..ကိစ္စ မရှိပါဘူး.." လင်ရှန်းကအပြုံးနဲ့ပြောလိုက်သည်။

"ရှန်းရှန်း..နောက်လဲအလုပ်အတူလုပ်နိုင်ဖို့မျှော်လင့်ပါ တယ်.." လုတန်ကမခွဲနိုင်စွာပြောလိုက်သည်။

နောက်ဆုံးမှာဇာတ်ညွှန်းရေးဆရာချန်ရှီကသူမကိုလိပ်စာ ကဒ်တစ်ခုပေးလိုက်ပီး "ရှန်းရှန်း..ဒီဒါရိုက်တာကငါ့သူငယ် ချင်းပါ။သူကအရင်ကဒရမ်မာတွေရိုက်တာအခုတလော တော့သူကလိုင်းပြောင်းပြီးရုပ်ရှင်တွေရိုက်နေတယ်။ငါသူ့ ကိုနင့်အကြောင်းပြောထားတယ်။သူကအရမ်းစိတ်ဝင်စား ပါတယ်။ဒါပေမယ့်သူကတရုတ်မှာမဟုတ်ဘူး။သူပြန်လာ ရင်နင်နဲ့စကားပြောမယ်လို့ပြောတယ်"

"ကျေးဇူးတင်ပါတယ်ဆရာချန်" လင်ရှန်းကတကယ့်ကို စိတ်ရင်းနဲ့ကျေးဇူးတင်စကားဆိုလိုက်သည်။

သူမကရိုးရှင်းတဲ့လိပ်စာကဒ်ကိုကြည့်လိုက်သည်။

အမည်: လုယန်

Phone: 158***4528

လီချွမ်ကသူမနဲ့မခွဲချင်ဘူး။ သူမကကားတံခါးကိုတင်း တင်းဆုပ်ထားကာငိုတော့မလိုအသံနဲ့ဟန်လုပ်ပြော လိုက်သည်။

"ရှန်းရှန်း..နင်ဘာလို့ဒီလောက်နှလုံးသားမဲ့တာလဲ?မသွား ပါနဲ့!ငါ့ကိုထားမသွားပါနဲ့တောင်းပန်ပါတယ်..နော်..?"

"Bye" လင်ရှန်းကမျက်စောင်းထိုးရင်းကားမှန်ကိုတင် လိုက်သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now