Chapter 94 - U/Z

1.7K 151 0
                                    

[သူမကဘယ်မျက်နှာနဲ့လဲ? လာမပြောလဲရတယ်ဒီတိုင်း ပဲသွားလိုက်။အံ့သြပါ့။သူ့အစားငါပိုရှက်တယ်]

[Ha ha! နင်မရပ်ဘူးဆိုတာငါသိသားပဲ..တွေ့လားထင်တဲ့ အတိုင်းပဲနင်ကသနားစရာအကွက်နဲ့တက်လာပြန်ပြီ..ကဲ နည်းလေးဘာလေးပြောင်းလိုက်အုန်း]

[လော့ရှင်းကိုဒုက္ခပေးတဲ့ဘယ်သူမဆိုသေပါစေ!အားလုံး နားထောင်ပါ..နဲနဲလေးတောင်သနားစိတ်မဝင်မိစေနဲ့!]

[ငါ့မျက်စိရှေ့ကလိမ့်တော့။ ဒရမ်မာကွင်းအကွက်တွေရိုး နေပြီ..ကျိန်းသေစတန့်လိမ်ဆင်ကြီးပဲနေမှာ..]

[+1 ငါလဲထင်တယ်...]

[+10,086 ..ကြက်ခြေထောက်တစ်ချောင်းကြေးငါ လောင်းရဲတယ်!]

...

အင်တာနက်သုံးစွဲသူတွေကရှန်ကျားရန်တမင်ပွဲရှာနေတာလို့ယူဆခဲ့ကြတယ်။

သူမအတွက်ဘယ်တော့မှ အနုပညာအသိုင်းအဝိုင်းက.. ထွက်သွားမှာမဟုတ်ဘူး။ ဒီလိုအပေါစားအကွက်တွေက အဲဒိ့အရှက်မရှိတဲ့မိန်းမသုံးနေကျ..ဘယ်တုန်းကတကယ် ထွက်သွားဘူးလို့လဲ?

အနုပညာအသိုင်းအဝိုင်းကထွက်ရင်သူမဘယ်ဝင်ငွေနဲ့ စားသောက်မလဲ?

ဆယ်မိနစ်ကြာပီးနောက်ဒင်ရူမီဒီယာရဲ့တရားဝင်စာမျက် နှာမှာ ရှန်ကျားရန် ကသူတို့နဲ့စာချုပ်ဖျက်သိမ်းကြောင်း ကိုကြော်ငြာခဲ့တယ်။ရှန်ကျားရန်ရဲ့စတူဒီယိုကိုလဲဖျက် သိမ်းလိုက်ပြီးစတူဒီယိုရဲ့ Weibo account ကိုလဲဖျက် သိမ်းခဲ့တယ်လို့ကြော်ငြာခဲ့ တယ်။

နာရီဝက်အကြာမှာ ရှန်ကျားရန်ရဲ့ Weibo account လဲ တရားဝင်ပိတ်သိမ်းသွားပြီးဖြစ်သည်။

အားလုံးကပါးအဟောင်းသားဖြစ်သွားသည်။

ဒါတကယ်ကြီးပဲ..

သူမတကယ်ထွက်သွားတာလား!

ကဲ..အားလုံးအောင်ပွဲကျင်းပလို့ရပြီ..!

#ရှန်ကျားရန်ကအနုပညာအသိုင်းအဝိုင်းကတရားဝင် နှုတ်ထွက်#

[အစောကြီးထဲကဖြစ်သင့်တာ..]

[ဟိုင်း..အားလုံးပဲ..ငါက လင်ရှန်းရဲ့ Peanut ပါ..ငါဒီက နေကြော်ငြာစရာရှိလို့ပါ။ငါတို့ လင်ရှန်းတဲ့ဖောင်ဒေးရှင်း ပေ့ချ်လေးကိုတရားဝင်ဖွင့်လိုက်ပါပြီ။ Weibo မှာထီဆု တွေလဲတင်ထားပါတယ်..အားလုံးပဲပါဝင်ကံစမ်းနိုင်ပါ တယ်!]

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now