Chapter 19 - U/Z

2.3K 230 1
                                    

"Weibo မှာစကားနဲနဲပြောရင်စိတ်မရှိဘူးမဟုတ်လား?"

လော့ရှင်းကမျက်ခုံးတွန့်သွားပီးအေးစက်စက်အသံနဲ့..

"လုပ်ပေ့ါ..."

လင်ရှန်းကမိတ်ကပ်မလိမ်းခင်သူမရဲ့ကိုယ်ပိုင်ဝီဘိုကို ဖွင့်လိုက်သည်။

{လင်ရှန်း}: အဲဒိ့အခန်းကဇာတ်ဝင်ခန်းမှာပါတဲ့အခန်းပါပဲ 'Chilies' လေးများကျွန်မရဲ့ဇာတ်ရုပ်မှာအရမ်းအားပါသွား မိတာကိုတောင်းပန်ပါတယ်..စိတ်ထားမဲတဲ့လူတွေစကား ကိုနားမထောင်ပါနဲ့..@လော့ရှင်း..တောင်းပန်ပါတယ် အစ်မရှင်း.. (chilies -လော့ရှင်းပရိတ်သတ်အဖွဲ့)

လော့ရှင်းကဒီနှစ်၂၂နှစ်ဖြစ်ပြီးသူမထက်၂နှစ်ကြီးသည်။ သူမဒါကိုဖြေရှင်းဖို့စဉ်းစားထားပီးသား။

Weibo မှာ ပို့စ်တင်ပြီးနောက်မှာသူမရဲ့ ဖုန်းကိုလုံးဝထပ်မ ကြည့်တော့ဘူး။ဒါပေမယ့်မကြည့်ရင်တောင်နောက်ဆက် တွဲ ဘာဖြစ်မယ်ဆိုတာသိတယ်။ သူတောင်းပန်မှုသည် Billboard ၏ Hottest Topics တွင် နောက်တစ်ကြိမ် ဝေဖန်မှုများ ဖိတ်ခေါ်ခံရမည်မှာ သေချာပါသည်။

မိတ်ကပ်လိမ်းပြီးသောအခါတွင်ရှုံ့ချသောမျက်လုံးများဖြင့် အေးစက်စက်ကြည့်လာတဲ့ကုရှန်းနှင့်တွေ့ခဲ့သည်။

"အစ်မရှန်း..."

ရိုက်ကွင်းကအချိန်အတော်ကြာပျောက်နေတဲ့လီချွမ်က မိတ်ကပ်လိမ်းပီးတာနဲ့သူမကိုလာရှာသည်။အနားရောက် တော့သူကကုရှန်းကိုနှုတ်ဆက်ပြီးသူမကိုသေချာစေ့စေ့ ကြည့်ကာလက်မထောင်ပြရင်းချီးမွမ်းလိုက်သည်။

"အရမ်းလှတယ်..."

သူမတစ်ကိုယ်လုံးကိုစကင်န်ဖတ်သလိုကြည့်နေတဲ့ထိုလူ ငယ်လေးကြောင့်ကုရှန်းရဲ့ မျက်ခုံးတွေ တွန့်သွားတယ်။ ပိုးသား အနီရောင်ကို ဝတ်ဆင်ထားတဲ့သူမသွင်ပြင်က တစ်မျိုးဆန်းပြားသော်လည်း အေးဆေးတည်ငြိမ်သော

ခံစားချက်ကိုထုတ်လွှတ်သည်။ သူမမျက်နှာကျက်သရေ ရှိပြီး မြင်တဲ့လူတိုင်းစိတ်နှလုံးသားကိုဖမ်းဆုပ်နိုင်သည်။

သူတကယ်စိတ်အနှောက်အယှက်ဖြစ်မိသည်။

မိုးကောင်းကင်က..သူမကိုဒီလိုမှော်ဆန်တဲ့အလှတရား ပေးခဲ့ပေမယ့်..ဘာလို့စဉ်းစားတွေးခေါ်တက်တဲ့ဦးနှောက် မပေးခဲ့တာလဲ?

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now