ကုရှန်းကကြမ်းပြင်ပေါ်ကနက်ကတိုင်ဗူးကိုမြင်တော့နှုတ် ခမ်းများကတွန့်မဲ့သွားပီးသူမမကောက်ခင်ကောက်ယူ လိုက်ကာ.."ဒါကို မင်းငါ့ကိုပေးချင်တာလား?"
"သွားစမ်းပါ!"
လင်ရှန်းအဲဒိ့လူကိုဘယ်လိုပြန်ချေပရမှန်းကိုမသိတော့ဘူး
သူမကသူ့ကိုစူးရဲစွာကြည့်ရင်းဒေါသတကြီးလက်ညိုးထိုး ကာ.. "ပြန်ပေး..!"
ကုရှန်းကနက်ကတိုင်ဗူးကိုသူမကိုပြန်မပေးဘဲဆက်ကိုင် ထားလိုက်သည်။ပါးတွေဖောင်းကာမျက်နှာတွေရဲတဲ့အထိ စိတ်တိုနေတဲ့မိန်းကလေးကိုကြည့်ရင်းသူကထေ့ငေါကာ လှောင်ပြောင်လိုက်သည်။
"ငါ့အတွက်မဟုတ်ရင်..တစ်ခုပဲရှိတော့တယ်.လင်ရှန်းဆိုတဲ့မင်းကကြုံရာယောက်ျားကိုပေးမလို့လား။မင်းက.. တကယ်ခြေရှုပ်တဲ့လူပဲ!"
လင်ရှန်းကအံကြိတ်ရင်း..
"ငါ့ဘာသာဘာလုပ်လုပ်..နင်နဲ့မဆိုင်ဘူး!"
ကုရှန်းကမဲ့ပြုံးပြုံးကာတမင်သူမမှီအောင်နက်ကတိုင်ဗူးကို မြှောက်ကိုင်ထားလိုက်သည်။
နက်ကတိုင်ကိုယူဖို့ယုန်လိုခုန်နေတဲ့ဒေါသအပြည့်နဲ့မိန်းမ ကိုကြည့်ပြီးသူကပိုဒေါသထွက်လာသည်။
"ရပ်လိုက်!"
ရန်လိုသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်းကို ကြောက်ရွံ့စေသည်။
လင်ရှန်းလှမ်းကြည့်လိုက်တော့ကျွင်းရှီရန်နဲ့သူ့ကိုနောက် ကတွန်းပေးလာတဲ့အန်းရန်ကိုတွေ့လိုက်ရသည်။ ဘီးတပ် ကုလားထိုင်ပေါ်ကလူကစိတ်တိုနေပုံထင်ရသည်။
ကုရှန်ကချက်ခြင်းပဲသိုးငယ်ကဲ့သို့ငြိမ်သက်တည်ငြိမ်သွားကာတလေးတစားနဲ့ကြောက်ရွံ့စွာနှုတ်ဆက်လိုက်သည်။
"တတိယဦးလေး"
"ဒါလင်..ဘာလို့အခုမှလာတာလဲ?"
တစ်လက်မှမှမလှုပ်ဘဲနေရာမှာရပ်ရင်းလင်ရှန်းကအကြီး အကျယ်အနိုင်ကျင့်ခံရတဲ့ကလေးငယ်လိုမျက်ရည်အဝိုင်း သားနဲ့သူ့ကိုဝမ်းနည်းစွာကြည့်နေသည်။
ကုရှန်းတစ်ကိုယ်လုံးတောင့်တင်းသွားပြီးသူ့ဦးလေးကိုတ လှည့်လင်ရှန်းကိုတလှည့်ကြည့်လိုက်သည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...