Chapter 49 - U/Z

1.8K 193 0
                                    

"ဘာအဓိပ္ပါယ်လဲ?ငါကသူ့လောက်ကိုတက်နိုင်ဘူးလို့နင် ဆိုလိုချင်တာလား?"

ဆိုးယုတ်တဲ့အပြုံးကရှုချင်မျက်နှာမှာပေါ်လာပြီး..

"ဒီကောင်ကနင့်ကိုဘယ်လောက်အန်းခဲ့လဲဆိုတာကိုနင် မေ့သွားတာလား..?"

တုချင်းချင်းမျက်နှာကရဲသွားပီး"ဥက္ကဌရှုစကားကိုသတိ ထားပြီးပြောပါ.."

"ဟမ့်!ရှောင်တု..ငါနင့်ကိုပြန်သတိပေးလိုက်မယ်..လူတွေကသူတို့ဘယ်လိုဇစ်မြစ်နဲ့လာလဲဆိုတာမမေ့သင့်ဘူး.. နင်တို့နှစ်ယောက်လုံးကမင်းသမီးတွေ..အဲဒိ့တော့ဈေးနှုန်း ပဲသတ်မှတ်ကြတာပေါ့။သူမဘယ်လောက်လိုချင်လဲနင် သွားမေး။ငါဘယ်လောက်ထိအန်းနိုင်တယ်ဆိုတာနင်သိပါ တယ်..!"

ရှုချင်ကဟန်ကြီးပန်ကြီးဆက်ပြောလိုက်၏။

"ဒါမှမဟုတ် သူမကတခြားပံ့ပိုးမှုတွေ လိုချင်နေတာလား။ ဘယ်ဇာတ်ကားကို ရိုက်ချင်လဲ။ ငါရင်းနှီးမြုပ်နှံပေးမယ်"

"ဥက္ကဌရှုကိုယ်တိုင်ပဲသူမကိုမေးလိုက်ပါ!"

သူမရှေ့ကဆူဖြိုးတဲ့ဝက်ကိုသတ်ချင်လောက်အောင်.. တုချင်းချင်းမျက်လုံးထဲတွင် အမုန်းတရားများ စီးဆင်းနေ ခဲ့သည်။

သူမအသက်ရှင်နေသရွေ့ သူမကြုံတွေ့ခဲ့ရတဲ့ အရှက် တရားနဲ့အရှက်ခွဲခံရမှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

"နင်ကင့ါကြင်နာမှုကိုကျေးဇူးတင်ဖော်မရပါလား..နင်ကအခုနာမည်လေးနဲနဲကြီးလာတာနဲ့ငါတို့အရင်ကဘယ်လို.. ပတ်သတ်ခဲ့တယ်ဆိုတာကိုမေ့ချင်တာလား? နင်င့ါကိုမကူ ညီဘူးဆိုရင်.." ရှုချင်ကညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး..

"နင့်အတိတ်ကိုလူတွေအားလုံးသိအောင်ချပြလိုက်မယ်.. ငါနင်နဲ့အတူရိုက်ခဲ့တဲ့ဗွီဒီယိုတွေကိုသဘောကျလို့ခဏ ခဏပြန်ကြည့်ဖြစ်နေတုန်း.. "

"နင်ဘာလိုချင်တာလဲ?" တုချင်းချင်းရဲ့အသက်ရှုသံကပို မြန်လာပြီးလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။

"ငါသူမကိုဒီညလိုချင်တယ်..နဲနဲလေးတောင်မစောင့်ချင် ဘူး..." ရှုချင်ကပြောပီးတာနဲ့သူလက်ထဲကိုတစ်စုံတစ်ခု ထိုးထည့်ပေးလိုက်သည်။ အဲဒိ့နောက်သူမနားရွက်နားကို ကပ်ကာတီးတိုးပြောလိုက်၏.."ဒါကိုသူမကိုတိုက်လိုက်.. ကျန်တာနင်ဂရုစိုက်စရာမလိုဘူး"

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now