လင်ရှန်းကကုရှန်းကိုပြင်းထန်စွာလက်သီးနဲ့ထိုးရင်းမသေ ရုံတမယ်တုတ်နဲ့ရိုက်နှက်ကာ.. တုတ်ကို လွှင့်ပစ်ကာ သူ့ကိုလက်ညိုးထိုးရင်း..."ငါထပ်ပြောမယ်..ငါလော့ရှင်းကို မလုပ်ကြံခဲ့ဘူး"
ဒေါသကိုဖြေလျော့ပြီးနောက်နောက်ဆုံးသူမကစိတ်ထဲမှာ သက်တောင့်သက်သာရှိသွားသည်။
အကယ်၍လူသတ်မှုကရာဇဝတ်မှုမဟုတ်ပါက၊ သူမ.. သူ့ကို အမှန်တကယ် သတ်မိလိမ့်မည် ။
အဲဒိ့နောက်သူမကတံခါးဝရောက်တော့သူ့ကိုလှောင်ပြုံး နဲ့ပြန်ကြည့်လိုက်ပြီး..
"နောက်ပြီးငါနင့်ကိုမကြိုက်ဘူး..နင့်ကိုနင်စောက်ထင်ကြီး မနေနဲ့"
–
ကုရှန်း အရိုက်ခံရတယ်။
ရုပ်ရှင်အဖွဲ့သားတွေအားလုံးဒေါသထွက်ကြရသည်။
ဒါရိုက်တာဝမ်ရှီကခေါင်းမွှေးပြောင်တော့မလိုဖြစ်နေကာ သက်တမ်းတစ်ဝက်တိုသွားသလိုပဲ။
ပထမဆုံးမင်းသမီးဖြစ်တယ်..အခုမင်းသားကထပ်ဖြစ်ပြန် ပြီ။သူနှစ်ရက်ဆက်တိုက်သေချာဘုရားမှာကံဆိုးတာတွေ မဖြစ်ဖို့ဆုတောင်းခဲ့တာ။
စင်္ကြံတွင်ကင်မရာ သို့မဟုတ် သံသယဖြစ်ဖွယ်လူမရှိခဲ့ပါ။
ကုရှန်းကသူ့ကိုရိုက်သွားတဲ့လူကိုဘယ်လိုပုံစံလဲဆိုတာကို သဲကွဲစွာမတွေ့လိုက်ဘူးလို့ပြောခဲ့တယ်။
လင်ရှန်းကအေးစက်စွာစိတ်ထဲကရယ်မောလိုက်သည်။အဲဒိ့အမှိုက်ကောင်ကသူ့ကိုသူမရိုက်သွားပါတယ်ဆိုတာကို ပြောရဲမလား?ဘယ်ပြောရဲမှာလဲ..အဲဒါကိုလူတွေသိရင်..
သူ့ကိုသေတဲ့အထိလှောင်ပြောင်ကြလိမ့်မယ်။
ရှန်ကျားရန်ကဒီနေ့မနက်ခွင့်ယူထာတယ်။နေ့လည်မှာ လင်ရှန်းနဲ့ရိုက်မယ့်အချိန်ကျမှပဲလာခဲ့မယ်လို့ပြောထား ခဲ့သည်။
လင်ရှန်းကနေ့လည်ရောက်ဖို့ကိုစောင့်နေခဲ့သည်..သူမ ရှန်ကျားရန်အတွက်လက်ဆောင်ကြီးကြီးပြင်ထားတယ်။
ရိုက်ကူးရေးအဖွဲ့သားတွေကရှုတင်ထမင်းဟင်းစားကြ တယ်..ဒါပေမယ့်လင်ရှန်းကအစားသောက်ရွေးတာမို့သူမ ဘာသာထမင်းချိုင့်ထည့်လာတယ်။
![](https://img.wattpad.com/cover/307213848-288-k357079.jpg)
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...