unicode
အဖိုးကမာမီကလွဲရင်သူ့အတွက်တစ်ဦးတည်းသောဆွေ မျိုးပဲ..ဒါ့ကြောင့်သူ့အဖိုးပေါ်ကောင်းပေးချင်တယ်..လိမ္မာသိတက်တဲ့ကလေးတစ်ယောက်ဖြစ်ချင်တယ်..ဒါမှအဖိုးက သူတို့ကိုမနှင်ထုတ်မှာ..သူနဲ့မာမီလမ်းပေါ်မှာလျှောက် သွားနေရမှာမျိုးမဖြစ်ချင်ဘူး။
လင်ရှန်းရဲ့မူလဘဝမှာတုန်းကလဲသူမကမိဘတစ်ယောက်ထဲမိသားစုမှာကြီးပြင်းခဲ့တာသူမကိုသူမအဖေကပဲပြုစုပျိုး ထောင်ပေးခဲ့တာ။
သူမအဖေကနိုင်ငံတကာအသိအမှတ်ပြုစာဖိုမှူးတစ်ဦးဖြစ် ပြီးဘိုးဘေးများကလဲနန်းတွင်းစားဖိုမှူးများဖြစ်ခဲ့ကာ၎င်းတို့မိသားစုတွင် ရာစုနှစ်များစွာ သက်တမ်းရှိ ကိုယ်ပိုင် စားသောက်ဆိုင်တစ်ခုရှိပြီး နိုင်ငံ့ဂုဏ်သရေရှိသူများနှင့် နိုင်ငံရေးသမားများအများစုလာကြကာမျိုးဆက်များစွာ အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တယ်။
နိုင်ငံရပ်ခြားသံတမန်ဧည့်ခံပွဲတွေထိသူမဖခင်ကစားဖိုမှူး ချုပ်ရာထူးနဲ့ဧည့်ခံပွဲတွေဂုဏ်သရေရှိစွာတာဝန်ယူခဲ့သည်
ထို့ကြောင့်သူမကငယ်စဉ်ကတည်းက ဟင်းချက်နည်းကို ကောင်းစွာ သင်ယူခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ သူမ အသက် 15 နှစ်အရွယ်မှာ သူ့အဖေက အစာအိမ်ကင်ဆာနဲ့ ဆုံးသွားတယ်။
အချက်အပြုတ်နယ်ပယ်မှာ သူမစိတ်ဝင်စားမှု မရှိတာ ကြောင့် စားသောက်ဆိုင်ကိုသူ့ဖခင်မရှိတော့တဲ့နောက် ပိုင်းမှာပိတ်ခဲ့ရသည်။
ဖခင်ရဲ့သူငယ်ချင်းဟောင်းအချို့၏အကူအညီဖြင့် သူမ ကဖျော်ဖြေရေးအဝန်းအဝိုင်းသို့ဝင်ရောက်ကာ ထူးချွန် သောသရုပ်ဆောင်စွမ်းရည်ဖြင့် ချီးကျူးမှုများစွာကိုရရှိခဲ့ ကာအသက် 17 နှစ်တွင်ပဲ'အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်' ဆုကိုရယူခဲ့သည်။
အဲဒိ့နောက်သူမဘဝခရီးလမ်းကမထင်မှတ်စွာချောမွေ့ခဲ့ ပြီးတောက်ပကာအကန့်သတ်မဲ့သောအောင်မြင်မှုများနဲ့ ပြည့်နေခဲ့ကာဘဝအထွဋ်ထိပ်ကိုရောက်လုနီးပါးဖြစ်နေ ချိန်မှာပဲ..ညပိုင်းအိပ်လိုက်ချိန်မှာသူမကဒီကိုကူပြောင်း ရောက်လာရသည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...