သူကဘယ်လောက်စွမ်းအားကြီးပါစေ..တကယ်ကလေး တစ်ယောက်သာရှိနေရင် အဲဒါကို မိသားစုကနေ အကြာ ကြီး ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။
"အန်တီ..သားက လင်ရှောင်းချီပါ။ဒီတိုက်ခန်းကသား ဦးလေးပိုင်တာပါ။ သားအန်တီနဲ့သားကဒီမှာခဏလာနေ တာပါ။ သားတို့ပိုက်ဆံစုမိတာနဲ့ဒီကပြောင်းမှာလို့အန်တီ ကပြောထားပါတယ်"
လင်ရှောင်းချီကသူအလွတ်ကျက်ထားတဲ့ဇာတ်ညွှန်းကိုပြန် ပြောလိုက်သည်။
စုရှီရန်ကခဏလောက်ဆွံ့အသွားသည်။ဘာတွေထပ်မေး ရမှန်းတောင်မသိတော့ဘူး။ သူမကနူးညံံ့ဖြူဖွေးပန်းရောင် သန်းတဲ့အသားအရည်နဲ့ချီအာနဲ့လုံးဝမတူတဲ့ကလေးငယ် ကိုသေချာဆန်းစစ်သလိုထပ်ကြည့်လိုက်သည်။
"အန်တီ" လင်ရှောင်းချီကအနည်းငယ်သတိထားသလိုပုံ နဲ့သူမကိုပြန်ကြည့်လိုက်ပြီး.."အန်တီကဦးလေးငှားထား တဲ့အိမ်တော်ထိန်းအသစ်လား?"
ဒါမှမဟုတ်သူမကအဖိုးပြောနေကျပါပါရာဇီဆိုတာများ လား?သူမကသူ့အဖိုးရဲ့လှို့ဝှက်ချက်ကိုသိချင်လို့လာစုံ စမ်းတာမျိုးလား?
ကလေးငယ်ရဲ့သံသယနဲ့မျက်နှာလေးကိုကြည့်ပီး စုရှီရန် ကညင်သာစွာပြုံးလိုက်သည်။သူကတကယ့်ကိုပါးနပ်တဲ့ ကလေးလေးပဲ "အင်း..အချိန်ပိုင်းအိမ်တော်ထိန်းပါ..ဒီမှာ လာချက်ပြုတ်ပေးတာ"
လင်ရှောင်းချီကအခုမှစိတ်သက်သာသွားပုံနဲ့မျက်နှာလေး ပြေလျော့သွားပုံကအရမ်းချစ်စရာကောင်းနေသည်။
စုရှီရန်ကသူ့ကိုကြည့်လေပိုသဘောကျလာလေပဲ။ သူမ လူစုတ်ကောင်ဟော်ချီပြန်လာတာကိုစောင့်ပြီးမှစာရင်းရှင်း ရမယ်။သူ့တိုက်ခန်းမှာ ကလေးကို တိတ်တိတ်လေး ပြုစု ပျိုးထောင်ဖို့ ဘယ်လိုသတ္တိရှိနေတာလဲ။
သူ့အဖေသာဒီအကြောင်းသိရင်ဟော်ချီရဲ့ခွေးခြေထောက်ကျိုးလိမ့်မယ်။
"အန်တီသားကူပေးမယ်!" လင်ရှောင်းချီကအလွန်လိမ္မာ ပါးနပ်တဲ့ကလေးမို့ဟင်းသီးဟင်းရွက်များကို ဆေးကြော ရာတွင် ကူညီရန် ၎င်း၏ခြေထောက်တိုများကို ရှေ့သို့ အမြန်ပြေးခဲ့သည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Ficção GeralBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...