ဟော်ချီကသူ့တစ်ယောက်ထဲနေတုန်းကသူ့စိတ်သူ့ ကိုယ်စိတ်ကြိုက်နေခဲ့ရတာလေးပြန်တွေးမိတော့တကယ် ကိုစိတ်အနှောက်အယှက်ဖြစ်မိသည်။ ရုတ်တရက်ပေါ် လာတဲ့သမီးနဲ့သူ့ကလေးကြောင့်သူ့ဘဝရဲ့စည်းချက် ညီမှုလေးပျောက်ဆုံးသွားတယ်။ သူတို့ကအကြွေးရှင် တွေလိုပဲ။သူကတံခါးဖွင့်ပီးအသံတိုးတိုးနဲ့ကြိမ်းဝါးလိုက် သည်။
"ကောင်မစုတ်လေး..ငါနင့်တို့ကိုအကြွေးတင်နေလို့လား?"
"ဟော်ချီ..အဖေဘာမှမသိဘူးလား?ကလေးတစ်ယောက် ကိုဘယ်လိုဆက်ဆံသင့်လဲဆိုတာ?"
လင်ရှန်းအသံကတိုးပေမယ့်ဒေါသသံတွေပါဝင်နေသည်။
"ရှောင်းချီကကလေးပဲရှိသေးတာ..ဘာလို့အကုန်သူ့ကို ပြောပြတာလဲ?"
"ဟ့..ငါမှအရင်ကကလေးကိုမပျိုးထောင်ဘူးတာ..ငါဘယ်လိုသိမှာလဲ?" ပြောလေဒေါသပိုထွက်လာလေမို့ဟော်ချီ ကသူ့ကိုယ်သူကာကွယ်ဖို့မရှင်းပြချင်တော့ဘူး။
သူ့မာမီအဆင်ပြေပါတယ်ပြောလဲအဲဒိ့ငနဲလေးကဆက်ငိုနေတာသူဘာလုပ်လို့ရမှာလဲ။
ဟော်ချီကဒေါသပြန်ထွက်လာသလိုလင်ရှန်းလဲပိုဒေါသ ထွက်လာသည်။ သူမနှုတ်ခမ်းတွေကအေးစက်စွာမဲ့လိုက် သည်။သူမမျက်ဝန်းတွေကရွံရှာမုန်းတီးမှုတွေရှိနေပြီးသူ့ ဒဏ်ရာကိုပြန်ဆွလိုက်သည်။
"ဟုတ်ပါတယ်.. ရုပ်ရှင်ဘုရင်ကြီးဟော်ကအရင်တုန်းက ဘယ်ကလေးကိုမှမပျိုးထောင်ခဲ့ပါဘူး..ဘယ်လိုတာဝန်မဲ့ ခဲ့တဲ့မြင်းလဲ!"
"နောက်တစ်ခါထပ်ပြောရဲပြောကြည့်..ဒါအကြီးတွေကိုနင် ပြန်ပြောတဲ့လေသံလား?နင့်ကိုဘယ်သူသင်ပေးထားလဲ ငါနင့်ကိုမရိုက်ရဲဘူးထင်နေတာလား?" ဟော်ချီကဒေါသ ကြောင့်ပြင်းထန်တဲ့အသက်ရှုသံနဲ့လက်ကိုမြှောက်လိုက် သည်။
ဒါကဘယ်လို..စိတ်ထားနဲ့လဲ!
သူမဖုန်းရပီးထဲကသူမကိုသူအသည်းအသန်လိုက်ရှာခဲ့ ရတာ..အခုအဲဒိ့နှလုံးသားမဲ့တဲ့ကောင်မလေးကဘယ်လို လေသံနဲ့သူ့ကိုပြန်ပြောနေတာလဲ!
"သမီးပြောတာမှားလို့လား?နှစ်နှစ်ဆယ်ကျော်လောက် အဖေသမီးကိုတာဝန်ကျေခဲ့လို့လား။အခုလဲသမီးကိုနေ့ တိုင်းမောင်းထုတ်ဖို့ကြိုးစားနေတာမဟုတ်ဘူးလား?သမီး နဲ့ရှောင်းချီဒီကထွက်သွားဖို့မျှော်လင့်နေတာမဟုတ်လား?"
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...