Chapter 41 - U/Z

2.2K 207 2
                                    

ကွန်ဒိုတစ်ဘက်ခြမ်းမှာဆိုင်မျိုးစုံနဲ့စည်ကားနေပြီးလမ်း သွားလမ်းလာအချို့ကလဲဝယ်ယူူနေကြသည်။ထိုအချိန် မှာမိသားစုသုံးယောက်ကဆိုင်တစ်ခုနားမှာရပ်နေသည်။

ကလေကသူ့အဖေလည်ပင်းပေါ်မှာထိုင်နေပြီးသူ့အဖေ ကသူ့ခြေထောက်တွေကိုဖက်ထိန်းထားသည်။သူတို့ ဘေးမှာနူးညံ့တဲ့အမေကသားအဖကိုကြည့်ပြီးပြုံးနေသည်။

လင်ရှောင်းချီ ကမျက်တောင်မခတ်ဘဲထိုမိသားစုကိုအား ကျသလိုကြည့်နေသည်။

"ရှောင်းချီကိုအမေကအဲလိုဂုတ်မှာထိုင်ခိုင်းရမလား?"

လင်ရှန်းကနှလုံးသားထဲမှာခါးသီးသွားကာသူ့အဖြေကို မစောင့်ဘဲသူ့ကိုကောက်ချီဖို့လုပ်လိုက်သည်။

"မာမီ..ဟင့်အင်း..ရှောင်းချီအဲလိုမထိုင်ချင်ဘူး"

လိမ္မာသိတက်တဲ့လင်ရှောင်းချီကငြင်းလိုက်သည်။

အဲဒါကမာမီကိုပင်ပန်းစေလိမ့်မယ်။သူမကအခုတောင်ပိန် တာမှအရိုးပဲရှိတာ။

"ကိစ္စမရှိဘူး..မာမီကအားရှိပါတယ်"

လင်ရှန်းကလင်ရှောင်းချီကိုသူမလည်ပင်းပေါ်ကိုတန်းပြီး ချီတင်လိုက်သည်။ လင်ရှောင်းချီကသူမခေါင်းကိုဖွဖွဖက် ထားရင်းခပ်တိုးတိုးပြောလိုက်သည်။

"ရှောင်းချီကမာမီရှိရင်ရပါပြီ.."

အခုသူ့မှာအဖိုးလဲရှိနေပြီမို့အဖေမရှိလဲဘာပြသနာမှမရှိ ဘူး။

"ရှောင်းချီအဖေလိုချင်လား?" လင်ရှန်းကမေးလိုက်၏

"ရှောင်းချီအဖေမလိုချင်ဘူး..မာမီတစ်ယောက်ထဲပဲလိုချင် တယ်" လင်ရှောင်းချီကအမြန်ပြန်ဖြေလိုက်သည်။

"အဖေ" ဆိုတဲ့စကားလုံးကိုသူတို့မိသားစုမှာပြောလို့မဖြစ် တာကိုသူသိတယ်။

မဟုတ်ရင်သူ့မာမီကငိုပြီးသူ့ကိုဆူပူပြီးတစ်ခါတစ်လေလဲ ရိုက်တက်သေးတယ်။တစ်ခါတစ်လေသူ့ကိုစိတ်ဆိုးပြီး ရက်အနည်းငယ်လောက်လျစ်လျူရှုထားတက်တယ်။

ဒါပေမယ့်သူ့အဖွားကသူ့ကိုပြောပြတယ်။လူတိုင်းမှာ အဖေရှိကြသလို သူ့မှာ အဖေရှိတယ်၊ တကယ်တော့ သူ့မှာ ထူးခြားတဲ့အဖေရှိတယ်။မာမီကသူ့အဖေနဲ့ပတ် သတ်ပြီးစိတ်ဆိုးနေတာမို့အဲဒါကိုနောက်တစ်ခါမမေးဖို့ ပြောခဲ့သည်။သူ့အဖေကသူနဲ့မာမီ့ကိုတစ်နေ့ကျရင်လာ ရှာမှာလို့လဲပြောခဲ့သေးသည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now